အခန်း(၁၇)အိမ်​​ထောင်​ပြုဖို့​လော​ဆော်​တဲ့နှစ်​​ယောက်

8.8K 1K 16
                                    

Starlight Entertainment.....

ရုံးခန်းထဲတွင် ချန်းလိတစ်ယောက် ပျာယာခတ်ပြီးစိတ်တိုနေသည်. "နန်ရှီ လူရွေးပွဲဝင်ဖြေပြီး ဒုတိယမင်းသမီးနေရာမှာ သရုပ်ဆောင်ရမယ်တဲ့!"

"ဒုတိယမင်းသမီး?" ဒီသတင်းကြောင့် နန်ရွှီလျိုနဖူးတွန့်သွားသည်။ "သူအခု လူမသိတဲ့ ရုပ်ရှင်က သာမာန်roleတစ်ခုကို သရုပ်ဆောင်နေရတာမလား? ဘယ်တုန်းက ဒုတိယမင်းသမီးနေရာအတွက် လူရွေးပွဲဖြေဖို့ အချိန်ရသွားတာလဲ?"

"ငါလဲအစက ထူးဆန်းတယ်ထင်နေတာ...အဲ့ဒါနဲ့ ငါလိုက်မေးကြည့်တော့ ပထမမင်းသမီးအတွက် လူရွေးပြီးတော့ ဒိုင်တွေထွက်လာတဲ့အချိန် နန်ရှီနဲ့တွေ့တာတဲ့. သူ့ကိုတွေ့တာနဲ့ ချက်ချင်းပဲ ဒုတိယမင်းသမီးနေရာနဲ့ အဆင်ပြေတယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတာပဲ. သူတို့ကသူ့ကိုတစ်ချက်ပဲကြည့်ပြီး အဲ့လိုဆုံးဖြတ်လိုက်ကြတာတဲ့! နင်သူ့ကို ခြိမ်းခြောက်မှုတစ်ခုလို ခံစားနေရတာ အဲ့ဩစရာမရှိဘူး...ဘယ်လောက်တောင်ဥာဏ်များလိုက်တဲ့ မိန်းမလဲ! သူအဲ့နေရာရဖို့ ဘယ်သူ့ကို မြူ စွယ်လိုက်လဲ ဘယ်သူသိမလဲ?"

ချန်းလိ မပြောရဲတာတစ်ခုတော့ရှိသည်။ နန်ရှီ့မှာ သူ့ရုပ်ရည်က အကောင်းဆုံးလက်နက်ပဲ; ဒိုင်တွေသူ့ကို တစ်ချက်ကြည့်ရုံနဲ့ ဒီလိုဆုံးဖြတ်ချက်ချလိုက်
ယးတာ လုံးဝမထူးဆန်းဘူး။

အရင်တုန်းက သူမနန်ရှီ့ကို သူမရဲ့အနုပညာရှင်အဖြစ် လက်မှတ်ထိုးတုန်းကအချိန်ကို ပြန်တွေးမိသည်။ အဲ့ဒီတုန်းက နန်ရှီ့ကို သေချာမြေတောင်မြောက်ပေးဖို့ ပြင်ဆင်ပြီးသား...ဒါပေမဲ့ နန်ရွှီလျိုက ရုတ်တရက်ကြီး ထွက်လာတယ်။

တစ်ဖက်မှာက အာဏာရော နောက်ခံပါမရှိတဲ့ လူသစ်အနုပညာရှင်တစ်ယောက်; နောက်တစ်ဖက်မှာက အင်အားတောင့်တင်းပြီး အာဏာရှိတဲ့ မိသားစုနောက်ခံနဲ့  အောင်မြင်ပြီးသားအနုပညာရှင်. ဘယ်လိုရွေးမလဲဆိုတာ လူတိုင်းသိပါတယ်။

အနုပညာအသိုင်းအဝိုင်းဆိုတာ လှတာတစ်ခုတည်းနဲ့ ရှင်သန်နိုင်တဲ့နေရာမှ မဟုတ်တာ.

နန်ရွှီလျိုကတော့ မကျေနပ်နိုင်ဘူး။ "သူ ပထမမင်းသမီးနေရာမရရင်တောင် ဒီရုပ်ရှင်က အကြီးစားထုတ်လုပ်မှုပဲလေ!"

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now