အခန်း(၇၃) ဆက်​ရိုက်​​လေ ... မရပ်​ပါနဲ့အုံး

6.4K 867 24
                                    

ရိုက်​ကွင်းကို ကြည့်​ရှု​နေ​သော မိန်းက​လေးအ​ပေါင်းတို့သည်​ ရူးသွပ်​သွားကြကုန်​လျက်​။

"အာာ! မုရယ်​က ချည်​ပြီး သရုပ်​​ဆောင်​မှာလား! ငါ့စိတ်​ကူးအတိုင်းပါပဲလား၊ မုရယ်​​လေးကို ကြိုးနဲ့တုပ်​ ... အိပ်​ရာထဲ ဆွဲသွင်း ပြီးရင်​ ဒချိဒချိ ဟိဟိ!"

"ဘယ်​လို​တောင်​ ထန်​​နေတာလဲ အစ်​မရယ်​ ... အဲလိုလုပ်​မယ့်​ တစ်​​ယောက်​က နင်​ မဟုတ်​ပဲနဲ့ကို!"

"ဂါး ... စိတ်​တွေ မဟားတရားကို တိုတယ်​​နော်​! ရင်​ထဲမှာ ဒူးရင်းသီး​တွေ သီး​နေပြီ! အဲ့အခန်း​ကို ဘာလို့များ စမြင်​ကပ်​စရာ ​မြေ​ခွေးမကြီးနဲ့ လုပ်​ရတာလဲလို့?!"

"ဟုတ်​ပဟယ်​ ... ရှီးး အဲ့​​အောက်​ဆွဲမ,က​တော့ ... မုရယ်​ကလည်း ဒါရိုက်​တာကြီးကို သူ(မ)နဲ့ မရိုက်​ဖူးလို့ ​ပြောလိုက်​ပါလား? သူ(မ)က မုရယ်​နဲ့ တစ်​စက်​​လေးမှ မတန်​ထှာ!"

...

"အဟမ်း...." ​ကောချီရှန်း တစ်​​ယောက်​ လူ​တွေကို တိတ်​တိတ်​​နေဖို့ အချက်​ပြ​သောအားဖြင့်​ ​ချောင်းဟန့်​လိုက်​​လေ ပြီး​နောက်​ သူဟာ လက်​ခုပ်​တီး၍ အသံပြုလာ​၏။ "ကဲကဲ အားလုံး အို​ကေပြီလား ... ရယ်​ဒီ! သရီး ... တူး ... ဝမ်း ... အက်​ရှင်​!"

နန်​ရှီဟာ သူမကို အ​ရှေ့ထားပြီး ဝိုင်းကာ​ပြော​နေကြသူတို့၏ စကား​တွေ​ကြောင့်​ နဲနဲ​လေး​တောင်​ သူမအား သက်​​ရောက်​မှုဖြစ်​မသွား​စေပါဖူး။ ဒါရိုက်​တာရဲ့ အသံကြားတာနက်​ နန်​ရှီ့မျက်​လုံးတို့ဟာလည်း အ​ရောင်​​ပြောင်းသွားခဲ့ပြီ။

သူတို့​တွေဟာ ဖျက်​လက်​တက်​ကြွပြီး ​တောက်​ပဖြူ စင်​သည့်​ တစ်​ဆယ့်​​ခြောက်​နှစ်​အရွယ်​ သမီးပျိုတစ်​​ယောက်​ရဲ့ မျက်​လုံးများဖြစ်​လာကြ​ပေတည့်​။ လမ်း​ပေါ်၌ အချိန်​ပြည့်​​လေလွင့်​​နေတဲ့ 109,110 တစ်​​ယောက်​ရဲ့ပျော်​​ပျော်​​နေခဲ ဘယ်​အရာမှအ​လေးအနက်​ မထားသည့်​ မျက်​နှာအမူအရာပုံစံတို့ကလည်း သူမမျက်​နှာ​ပေါ်တွင်​ ပြီးပြည့်​စုံစွာ ဆင်​မြန်းလာပေ၏။

သူမဝတ်​ဆင်​ထား​သော ဝတ်​ရုံအနားစကို မ,ကာ ​ခြေတစ်​ဖက်​ကြွ၍ သူမအခန်းတံခါးအား ​ခြေကန်​ပြီး ဖွင့်​​လေသည်​။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now