အခန်း(၇၆) အနန္တတန်​ခိုးရှင်​ မရီး!

7.1K 944 53
                                    

လုထင်း​ရှောင်​ကြီး ပလက်​ကြိုးက​နေ ဖုန်းကိုဆွဲဖြုတ်​လိုက်​တဲ့​နောက်​ နန်​ရှီ ဘာ​တွေ ဆက်​​ပြောမှန်း လုကျင်းလိ မကြားရ​တော့​ပေ ... ဒါ​ပေမယ့်​ သူ့အထင်​အရဆို နန်​ရှီက လုထင်း​ရှောင်​ ပြန်​အလာကို ​မေး​နေတဲ့ပုံ။

သူ့အစ်​ကိုရဲ့ ​အေးစက်​စက်​နိုင်​​သော အ​ပြော​တွေကို ကြားလိုက်​ရ​တော့ ... သူ့ရင်​ ဗ​လောင်​ဆူသွား​ပေ၏

# ဟုတ်​​သေးဖူး​လေ! နန်​ရှီရယ်​ .... အလုပ်​ကို လူကိုယ်​​တိုင် ​လာပါလားလို့?! မိုးနတ်​မင်းကြီးရယ်​ ... ကျ​နော့်​ကို ဒီလိုမျိုးနဲ့ ​သေ​ကြောင်းကြံ​နေတာလား? #

နန်​ရှီ့အသံက ပိုပြီး​တော့​တောင်​ ညင်​သာလာတယ်​။ "ဒါမဲ့​လေ ... ရတနာ​လေးကို ကျမတစ်​​ယောက်​ထဲ ​ခေါ်သွားရမှာ စိတ်​ပူမိတယ်​. တစ်​ခုခု ဖြစ်​​နေလို့လားဟင်​? ရတနာ​လေးကလည်း ရှင်​နဲ့အတူ သွားချင်​ရှာမှာ​ပေါ့! ပြန်​လာခဲ့​နော်​ ... ​နော်​ ... ​နော်​လို့?"

လုထင်း​ရှောင်​ 3 စက္ကန့်​မျှ နှုတ်​ဆိတ်​သွား ပြီး​နောက်​မှာ​တော့ ~ "​ကောင်းပြီ ... တ​အောင့်​​​နေရင်​ ပြန်​လာမယ်​"

လုကျင်းလိ တစ်​​ယောက်​ ကြက်​​သေ,​သေသွားလျက်​ ... ထို့​နောက်​တွင်​မူကား ​သူ့အ​ပေါ် ​နေ​ရောင်​ခြည်​ဖြာလင်းလာသလို ~ ဘုရား​ရေ ... ကျ​နော်​ ​ကောင်းကင်​ဘုံမှာ လားဟင်​!

မရီး တန်​ခိုးကြီးမားပါတကား!

သူမ လုပ်​နိုင်​မယ်​ဆိုတာ ငါ သိသားဖဲ!

တကယ်​​တော့ သူ့စိတ်​ထဲမှာ သူ့အစ်​ကို လှုပ်​ရှားသွားမှာမဟုတ်​ဖူး သူ ​တွေး​နေတာ ... ဒါ​ပေမယ့်​ လက်​စသတ်​​တော့ သူက စိတ်​ရှုပ်​ချင်​​ယောင်​ ​ဆောင်​​နေတာကိုး!

ဖုန်း​ပြောပြီးတဲ့​နောက်​ ... လုထင်း​ရှောင်​က စကားကြီး နှစ်​ခွန်း မွှက်​ကြားလာ​ပေ၏ ~ "အစည်းအ​ဝေး ပြီးပြီ!"

လူတိုင်း တစ်​​ယောက်​မျက်​နှာ တစ်​​ယောက်​ကြည့်​လိုက်​၏ ... သူတို့မျက်​စိ​ရှေ့ မြင်​ကြား​နေရတာ​တွေကို မယုံကြည်​နိုင်​ကြဖူး​လေ!

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now