အခန်း(၄၁) ထပ်​ယူအုံးမလား?

8.3K 981 27
                                    

"ဘာလဲ...ရှင် ​ဘာလိုချင်​လို့လဲ?" လုထင်း​ရှောင်​က ရုတ်​တရက်​ဆိုသလို passenger seat ထဲ​​လျှိုဝင်​လာတာကို မြင်​လိုက်​ရတဲ့ နန်​ရှီ​လေး steering wheel ကို အတင်းဆုပ်​ကိုင်​ထား​တော့တယ်​...သူမပိုင်​ဆိုင်​တဲ့အရာကို သူ့ယူသွားမှာဆိုတဲ့အလား ကာကွယ်​ထားတယ်​။

လုထင်း​ရှောင်​ မျက်​လုံး​တွေ မည်းနက်​သွားတယ်​...သူနောက်​ကို ပြန်​ဆုတ်​ထိုင်​လို​က်​ရတယ်​။

ဟ. . .သူ ဘာလိုချင်​တာလဲ?

အာ့တာကို သူမ မသိတာ ပို​ကောင်းပါတယ်​​လေ။

လုထင်း​ရှောင်​ အခုဝတ်​ထားတဲ့ အဖြူ ​ရောင်​ရှပ်​အင်္ကျီကို လည်​ပင်း​စေ့ ကြယ်​သီးတပ်​ထားတဲ့အတွက်​ သူ့ကိုအရမ်းတင်းကြပ်​​စေ​နေတယ်​...ဒါ​ကြောင့်​ သူ့ပထမကြယ်​သီးတစ်​လုံးကို ခပ်​ကြမ်းကြမ်းပဲ ဆွဲဖြုတ်​လိုက်​တယ်​...အဲ့​နောက်​ ဒုတိယတစ်​လုံး...တတိယတစ်​​လုံး. . . .

နန်​ရှီက​တော့ လုထင်း​ရှောင်​ကို ​ဘေးက​နေ သရည်​တမြားမြားနဲ့ကြည့်​​နေတယ်​...​ချော​မောခန့်​ညား​သောအမျိုးသားက သူ့အင်္ကျီကြယ်​သီး​တွေကို ဆွဲချွတ်​​တော့ သူ့ရဲ့​တောင့်​တင်းလှတဲ့ရင်​အုပ်​ကို ပြသပြီးသားဖြစ်​​နေတယ်​...ထိုအရာကိုမြင်​ရ​တော့ နန်​ရှီ​လေး သူမ ချစ်​လှပါတယ်​ဆိုတဲ့ ဖြူ ​လေးကို​တောင်​ ​မေ့သွားတယ်​။

လုထင်း​ရှောင်​က သူ့ကို သူမ​လေးကြည့်​​နေတာ သတိမထားမိဖူး။ သူ့ရဲ့အဓိပ္ပါယ်​မရှိ မဖြစ်​နိုင်​ရာ ကားတစ်စီး​အ​ပေါ် မနာလိုရှုစိမ့်​ဖြစ်​​နေတာ​တွေကို ကြိုးစား​ဖြေ​ဖျောက်​​နေရတယ်​...ခပ်​ပြင်းပြင်း ​ဆေးလိပ်​​ငွေ့ကို မထုတ်​ခင်​မှာ သူ စီးကရက်​ကို အကြာကြီးငုံခဲထားမိတယ်​။

လုထင်း​ရှောင်​ စီးကရက်​ကို ထုတ်​လိုက်​ထဲက နန်​ရှီ ​တောင့်​ခံမထားနိုင်​​တော့ဖူး။ သူမ ထိုအမျိုးသားကို မမှိတ်​မသုန်​ စိုက်​ကြည့်​လိုက်​တယ်​: သူ၏ အာဒမ်​ပန်းသီး​လေး အနည်းငယ်​​လှုပ်​ခတ်​သွားပြီး သူ့ရဲ့ပါးလွှာတဲ့နှုတ်​ခမ်းထက်​မှာ အဖြူ ​ရောင်​စီးကရက်​ကို ​လျော့တိ​လျော့ရဲ ခဲထားတာ​တွေ...ပြီး​တော့ သူ့ပါးစပ်​က​နေ ​ဆေးလိပ်​​ငွေ့မှုတ်​ထုတ်​လိုက်​တာ​တွေ. . .

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Où les histoires vivent. Découvrez maintenant