အခန်း(၉၇) အရင်​လိုက်တာ သူမပါ​နော်

5.6K 766 46
                                    

သုံး​ယောက်​စလုံး​ရောက်​လာ​တော့ ... ကျန်းမုရယ်​ ဘာမှလုပ်​လို့မရ​တော့​ပေ။

လုထင်း​ရှောင်​က Michelin မှ နာမည်​​ကျော်​စားဖိုမှုးတစ်​​ယောက်​အား ညစာချက်​ခိုင်းဖို့ ဖိတ်​ကြား၏၊ လုကျင်းလီက​တော့ သူ့အိမ်​မှယူလာသည့်​ ဝိုင်​ပုလင်းနှစ်​လုံးဖြင့်​ အလုပ်​ရှုပ်​​နေလျက်​၊ ရတနာ​လေးကို​တော့ နန်​ရှီက လက်​ဆွဲကာ ​ခေါ်ထုတ်​သွားသည်​။

အဲ့ဒီ​နောက်​ လူငါးဦးသားသည်​ စားပွဲတစ်​ခုအတွင်း ​ကြောင်​တိ​ကြောင်​​တောင်​လေထု အ​နေအထားဖြင့်​ ထိုင်​​လေကြ၏။

လုကျင်းလီရှိ​နေမှုက အ​တော်​က​လေးကို အဆင်​​ချောသွား​စေ၏ ... ​အ​နေရသိပ်​ခက်​တာမျိုး ဖြစ်​မသွား​စေ​ပေ။ သူတို့​တွေ စားရင်း​သောက်​ရင်း ဦးတည်​ရာမဲ့စွာဖြင့်​ စကားစမြည်း​ပြောဆိုဖြစ်​ကြသည်​။

"ကဲကဲ ... ဒီမှာ ... ကျ​နော်​တို့ရဲ့ နာမည်​​ကျော်​စတားကြီး အိမ်​ပြန်​​ရောက်​ခြင်း အထိမ်းအမှတ်​အတတွက်​ ချီးယား​လေး လုပ်​ကြရ​အောင်​! မင်းရဲ့​ဟောဒီက ​အော့ရှုးရှုးက မင်းအတွက်​ တစ်​ခွက်​​သောက်​​ပေးမယ်​!"

“​ကျေးဇူးပါဗျ!”

“ဒါနဲ့​လေ ... ငါမင်းကို ​စောနကတည်းက ​မေးမယ်​လုပ်​​နေတာ. မင်းနဲ့ ​ရှောင်​ရှီရှီ ဘယ်​လိုလုပ်​သိ?” လုကျင်းလီက သူ,မရည်​ရွယ်​ပဲ ​မေးမိသလိုပုံမျိုးဖြင့်​ စသုံးလုံးလုပ်​​လေ၏၊ သူ့အစ်​ကိုကြီး သတင်းအချက်​အလက်​ရဖို့ရာ စကားအစ်​​ပေးခြင်းဖြစ်​သည်​။

ထို​မေးခွန်းကိုကြားလိုက်​ရတဲ့ ကျန်းမုရယ်​ရဲ့ မျက်​နှာအမူအရာသည်​ မ​ကောင်း​ပေ။ သူ့ပုံစံက ဤ​ခေါင်းစဉ်​အား တကယ်​ကို ထုတ်​​ဖော်​မ​ပြောချင်​သည့်​ ပုံစံ​ပေါက်​​နေသည်​။ သူသည်​ မ​ရေမရာ မ​သေချာဖြင့်သာ ​ပြော၏: "နိုင်​ငံခြားမှာ ​ကျောင်းသွားတတ်​တုန်း က သိတာပါ ... ကျ​နော်​တို့က တစ်​တန်းတည်း​လေ!"

လုကျင်းလီတစ်​​ယောက်​ မျက်​လုံးကို ​မှေးကျဉ်း၍ သူ့အား ကြည့်ကာ ​တချို့​သော အဓိပ္ပါယ်​ပါသည့်​ စကားလုံးတို့ ​ပြောဆိုလာ၏၊ "ငါက​တော့ အဲ့​လောက်ရိုးမယ်​ မထင်​ဖူး! သူက မင်းကိုယ်​တိုင်​ လိုက်​ပြီးမှ ခါထုတ်​ခဲ့တဲ့ မင့်​ရည်းစား​ဟောင်း​တွေထဲက တစ်​​ယောက်​မလား?? မင်း​ဘေးမှာရှိတဲ့ မိန်းက​လေး​တွေက မင်းအ​မေရယ်​ ... မင့်​ Fan ​တွေကလွဲလို့ ... ကျန်​တာ မင်းရည်းစား​ဟောင်း​တွေချည်းပဲကိုများ!

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now