အခန်း(၃) Bar က ​ပေါက်​စီ​လေး

12.4K 989 12
                                    

ငါးနှစ်​ကြာပြီး​နောက်​ Eden Wine Bar ရဲ့ အ​ပေါ်ဆုံးအထပ်​ရှိ စင်္ကြံလမ်း​ပေါ်တွင်​။

နန်​ရှီက ဒီညမှာ ရင်းနှီးမြုပ်​နှံ​သူ​တွေနဲ့အတူ​ ​သောက်​ရန်​ လိုက်​လာခဲ့ရ​သည်​။ ​ထို့​နောက်​မှာ သူမ မခံမရပ်​နိုင်​​အောင်​​ ​ခေါင်းကိုက်​​​လာ​တဲ့အတွက်​ သူမ​​ကိုယ်​သူမ ပြန်​လည်​လန်းဆန်းလာ​စေဖို့ ​တိတ်ဆိတ်​မယ့်​ ​နေရာတစ်​ခုကို သူမ လိုက်​ရှာမိ၏။ ချန်းလီက သူမ​နောက်​က​နေ အပြင်​အထိ လိုက်​လာလိမ့်​မယ်​လို့ သူမ,မ​ထင်​ထားမိခဲ့။ ချန်းလီကို ရင်​ဆိုင်​​ရန်​ သူမစိတ်​ထဲတွင်​ ပြင်​ဆင်​လိုက်​ရင်း...

"အစ်​မချန်း ​ပြောစရာရှိလို့လား?"

"နန်​ရှီ ငါ နင့်​ကို​ ​မေးပါရ​စေ. <The World> ထဲက အဓိက အမျိုးသမီးဇာတ်​​ဆောင်​​နေရာအတွက်​ လူ​တွေ့စစ်​​ဆေးပွဲကို နင်​သွား​လျှောက်​ခဲ့လား?"

"ဟုတ်​တယ်​​လေ... အဲ့ဒီ​တော့?"

"နင်​ မနက်​ဖြန်​မသွားရဘူး" ချန်းလီက နန်​ရှီရဲ့ မန်​​နေဂျာဖြစ်​​​နေတာ​တောင်​မှ သူမကို သရုပ်​​ဆောင်​နယ်​ပယ်​ထဲမှာ အဓိကကျတဲ့ ဇာတ်​​ဆောင်​​နေရာအတွက်​ မသွားဖို့ကို ဒီမှာလာ​ပြော​နေ​၏။

သူမရဲ့စကား​တွေ​ကြောင့်​​ အံ့သြမသွားပါဘူး။ နန်​ရှီဟာ မျက်​ခုံးအနည်းငယ်​ပင့်​ပြီး ​မေးလိုက်​၏၊ "အ​ကြောင်းက"

"ပထမဆုံးက​တော့ ဒီကိစ္စကို နင်​ငါ့ကို မ​ပြောပဲထိန်​ချန်​ထားလိုပဲ. အဲ့တာကို​တောင်​ နင်​က အ​ကြောင်းပြချက်​ကို​ မေးရဲ​တယ်​​ပေါ့လေ. ပြီး​တော့လဲ ​Company က ဒီဇာတ်​လမ်းအတွက်​ နန်​ရွှယ်​လျိုကို လူ​တွေ့စစ်​​ဆေးဖို့ စီစဉ်​ထားပြီးသားဆိုတာ နင်​ မသိဘူးလား"

"အကယ်​၍ ကျမက ဒီဇာတ်​လမ်းအတွက်​ လူ​တွေ့ စစ်​​ဆေးခံခဲ့ရရင်​​တောင်​ အဲ့ဒါက Company ရဲ့စီစဉ်​မှုနဲ့ သပ်​သပ်​စီကို" လို့​ပြောရင်း နန်​ရှီက သူမကို​ ပြုံးပြလိုက်​သည်​။

"နန်​ရွှယ်​လျို က ဒီကိစ္စကို ညီမကို​ ​မေးဖို့​ပြောခိုင်းလိုက်​လို့လား? သူ(မ)ရဲ့ ဇာတ်​လမ်းကို​​ ​သေးနုပ်​ပြီး လူသိမ​များ​သေးတဲ့ အသစ်​​လေးက တကယ်​ခိုးယူသွားမှာ ​ကြောက်​လို့လား?"

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now