အခန်း(၂၇) Fauvism

8.4K 1K 43
                                    

[NC's Notes Notes Notes Notes Notes

Fauvism ပန်းချီ နမူနာပုံ

Fauvism - ပုံမှာပါသလို သဘာဝမကျတဲ့ အရောင်တောက်တောက်တွေနဲ့ အသားပေးရေးဆွဲတဲ့ ပန်းချီအမျိုးအစားပါ။ မြန်မာလို ဘယ်လိုခေါ်လဲတော့မသိပါဘူး။ les Fauves( ပြင်သစ်လို wild beasts) ဆိုတဲ့ အနုပညာအဖွဲ့ရဲ့ ရေးဆွဲခြယ်နည်း စတိုင်ပါ။]

Ups! Tento obrázek porušuje naše pokyny k obsahu. Před publikováním ho, prosím, buď odstraň, nebo nahraď jiným.

Fauvism - ပုံမှာပါသလို သဘာဝမကျတဲ့ အရောင်တောက်တောက်တွေနဲ့ အသားပေးရေးဆွဲတဲ့ ပန်းချီအမျိုးအစားပါ။ မြန်မာလို ဘယ်လိုခေါ်လဲတော့မသိပါဘူး။ les Fauves( ပြင်သစ်လို wild beasts) ဆိုတဲ့ အနုပညာအဖွဲ့ရဲ့ ရေးဆွဲခြယ်နည်း စတိုင်ပါ။]

~~~~~~~~~~~~~~~~~~~~~

အခန်းထောင့်တစ်နေရာတွင်တော့ အိမ်တော်ထိန်း ဦးကြီးဟာ ဧည့်ခန်းထဲက လူကြီးနဲ့ ကလေးနှစ်ယောက်သားကို စောင့်ကြည့်နေပါတယ်။

နန်ရှီက သခင်လေးနဲ့ ရင်းနီး နီးစပ်အောင် ကြိုးပမ်းနေတာမျိုးတွေ သူ မတွေ့ရဘူး။ ဒါပေမယ့် မနက်ကတည်းက တစ်ချိန်လုံး သူမ ဇာတ်ညွှန်းကိုသာ အာရုံစိုက်ပြီး ဖတ်နေခဲ့တာ။

သခင်လေးကလည်း သူဘာသာသူ ခါတိုင်းလိုမျိုး စာအုပ်လေးဖတ်လိုက်၊ ပန်းချီလေးဆွဲလိုက်နဲ့ အချိန်ဖြုန်းနေတာ။ ပုံမှန်မဟုတ်ဘဲ ထူးခြားနေတာမျိုးတွေ တစ်ခုမှ မတွေ့ရဘူး။ ဒါပေမယ့် သေချာအသေးစိတ်ကြည့်မယ်ဆိုရင်တော့ သူ နန်ရှီကို အချိန်နဲ့အမျှ ချောင်း ချောင်းကြည့်နေတာကို တွေ့နိုင်တယ်။ သူကလေးရဲ့ မျက်နှာထားကတော့ ငြိမ်းချမ်းနေသလို ရွှင်လည်း ရွှင်ပြနေတယ်။

အိမ်တော်ထိန်းဦးလေးကြီးလည်း နန်ရှီကို ပထမတွေ့တုန်းကတော့ စိတ်ပူနေခဲ့တာ။ ပထမအစ်ကိုလေး သူမရဲ့ မာယာထောင်ချောက်မှာ ကြွေဆင်းသွားမှာကိုလည်း စိုးရိမ်ခဲ့ရသေးတယ်။ ဒီလိုတွေ သူ ပူနေခဲ့မိတာ သူမရဲ့ ပြိုင်ဘက်ကင်းအလှကြောင့်လည်း ဖြစ်နိုင်တယ်။

ဒီလောက်အနီးကပ်က သူ စောင့်ကြည့်ရသလောက်ဆိုရင် သူမက အန္တရာယ်ကင်းပါတယ်လေ။ ဒါပေမယ့်လည်း သူမက လှုပ်ရှားဖို့ကို အခွင့်ကောင်း စောင့်နေတာလည်း ဖြစ်နိုင်တာပဲ. . . ။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Kde žijí příběhy. Začni objevovat