အခန်း(၂) လူစိမ်းရဲ့မျိုးမစစ်​​လေး

14.6K 1K 53
                                    

"ငါ အခုပဲ နင့်​ကို အမှန်​တိုင်း​ပြောပြမယ်​. အဲ့ညက နင်​​သောက်​တဲ့ ဝိုင်​ထဲကို ငါ​ဆေးခတ်​လိုက်​တာ. နင့်​အတွက်​ အပြုအစု​ကောင်းတဲ့​ ​ယောက်ျားနှစ်​​ယောက်​ ငါရှာ​ပေးခဲ့တာ​တောင်​ မ​ကျေမနပ်​နဲ့ လက်​မခံလိုက်ဖူး​လေ. ငါ့ရဲ့ ကြင်​နာမှု​တွေ​ကြောင့်​သာ ရမ္မက်​​ဇောကြွ​နေတဲ့ နင့်​ကို အဲ့ညက ဘယ်​သူမှ သတိမထားမိခဲ့တာ. ပြီး​တော့ နင့်​ဘာနင်​ သူစိမ်းတ​ယောက်​ရဲ့ အခန်းထဲကို ဇွတ်​အတင်းတွန်းဝင်​သွားပြီ​တော့ အဲ့ဒီလူကို အခွင့်​အ​ရေးယူလိုက်​​တယ်​" လို့ စိတ်​ပျက်​ဖို့​ကောင်းတဲ့ နန်​ရွှီလျိုဟာ​ ​ပြောသည်​။

"အစ်​ကိုယန်​က နင်​နိုးလာရင်​ အမှန်​တရားကို နင်​ လက်​မခံနိုင်​မှာ စိုးလို့ ညက သူနဲ့အတူ ရှိခဲ့တာလို့ နင့်​ကို​ ​ပြောလိုက်​တာ. ပြီး​တော့ သူ့ရဲ့ပုံစံအတိုင်း နင့်​ကို သနားကြင်​​နာ​နေခဲ့​သေးတယ်​"

"နင်​ ..." နန်​ရှီဟာ ဒီအ​ကြောင်းကို ကြားတဲ့အခါ စတင်​ ထိတ်​လန့်​တုန်​လှုပ်​မိ​နေပြီး​ နောက်​ဆုံးမှာ​တော့ သူမ ကြာကြာမရပ်​နိုင်​​တော့ဘဲ နန်​ရွှီလျို ကို သူမ ဆွဲကိုင်​ထားလိုက်​ရ​တော့၏။

"ဘာ​ကြောင့်​ နင်​ ငါ့ကို ဒီလိုလုပ်​ရတာလဲ? ဘာ​ကြောင့်​ .... ဘာ​ကြောင့်​လဲ?! နင်​ ငါ့ကို ကစားတာ မလုံ​လောက်​နိုင်​​သေးဘူးလား?"

နန်​ရွှီလျို ဟာ နဖူးကို အနဲငယ်​တွန့်​လိုက်​ပြီးတဲ့​နောက်​ နန်​ရှီကို အ​ဝေးသို့ တွန်းထွက်​လိုက်​ခါနီးမှာ နန်​ရှီ ရဲ့ အ​နောက်​က​နေ သူတို့ဆီကို ချဉ်းကပ်​လာတဲ့ ဆုယန်​ကို မြင်​လိုက်​ရ၏။ အဲ့ဒီ​နောက်​ သူမရဲ့အသံဟာ ချက်​ချင်း နူးညံ့​ပျော့​ပျောင်းသွားပြီး သနားစရာပုံစံ​လေးအဖြစ်​​ ​ပြောင်းသွား​တော့သည်​။

"အမ, ငါမှားတာ သိပါတယ်​. နင်​ ငါ့ကို ရိုက်​ချင်​ရင်​ ရိုက်​ပါ​၊ ​အော်​ဟစ်​ ဆူပူချင်​ရင်​လဲ​ ​အော်​ဟစ်​ပါ. ​ကျေးဇူးပြု ပြီး အစ်​ကိုယန်​ ကို အပြစ်​မတင်​ပါနဲ့​နော်​!

နန်​ရှီ ခဏ ရပ်​တန့်​သွားတယ်​။ အဲ့ဒီ​နောက်​ခဏမှာ နန်​ရွှီလျို ဟာ ​မြေကြီး​ပေါ်သို့ နန်​ရှီက တွန်းထုတ်​လိုက်​သလို ပုံစံမျိုးနဲ့ကျသွား​​လေ၏။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Donde viven las historias. Descúbrelo ahora