အခန်း(၈၅) အိပ်​ယာတစ်​ခုထဲ တူတူအိပ်​ခြင်း

7.9K 961 66
                                    

တစ်​ဖက်​ဖုန်းထဲမှာ​တော့ လုကျင်းလီဟာ ရုတ်​တရက်​ စက္ကန့်​အနည်းငယ်​​လောက်​ ​ပြောစရာစကားမရှိ​အောင်​ ဖြစ်​သွား၏၊ ဟိုဘက်​က ဘာအသံမှ ထွက်​မလာ​တော့ နန်​ရှီ ပိုသိချင်​လာတယ်​ ... သူမက အသည်းအသန်​ကို အ​ဖြေ​မေး​တော့တယ်​: "​အော့​ရှောင်​ရယ်​(သခင်​​လေး၂) ... သူအိပ်​​နေရင်း လမ်း​လျှောက်​တတ်တာ ဟုတ်​တာလား၊ မဟုတ်​တာလား?"

ဒါက အိပ်​​နေရင်း လမ်း​လျှောက်​တာဆိုရင်​​တော့ သိပ်​စိုးရိမ်​စရာမရှိပါဘူး၊ အဲ့လိုမဟုတ်​ဘဲ သူက တခြား​ရောဂါတခုခု​ကြောင့်​ဆိုရင်​​တော့ သူမ သူ့ကို ​ဆေးရုံပို့​ပေးသင့်​ရင်​ ပို့​ပေးရမယ်​​လေ။

တော်​ကြာ ညသန်း​ခေါင်​ကြီး သမန်းဝံပု​လွေအဖြစ်​အသွင်​​ပြောင်းသွားပြီး ... အိပ်​ယာထဲက ဝုန်းကနဲ ခုန်​ထွက်​လာမှဖြင့်​၊ အဲ့လိုကြီးဆို တကယ်​​ကြောက်​စရာကြီး အီ ...?

"အာ ... ရုတ်​တရက်​ကြီး၊ မင်းဒီလို​တွေ ထ​,​မေးရ​လောက်​တဲ့ထိဆို​တော့ သူဘာထူးထူးဆန်းဆန်း​တွေ လုပ်​လို့လဲ? ငါ့အစ်​ကို အိပ်​​နေရင်း လမ်း​လျှောက်​တတ်​တာကို​​တောင်​ ဘယ်​လိုဖြစ်​ပြီး သိသွားတာလဲ?" ဖုန်းတစ်​ဖက်​ထဲက လုကျင်းလီရဲ့ပြန်​​ဖြေသံက​တော့ ပုံမှန်​ပါ​ပေ၊ ထူးထူးခြားခြား​ပြောင်းလဲသွားတာ မရှိ​ပေ။

နန်​ရှီလည်း ဒါကိုကြား​တော့မှ စိတ်​သက်​သာရာရသွား၏ ... အဲ့ဒီ​နောက်​ သူမ ​ပေါ့​ပေါ့ပါးပါး​လေးပင်​ ရယ်​လိုက်​​သေးတယ်​။ "ပြဿနာကြီးရယ်​​တော့ မဖြစ်​သွားပါဘူး ... ကျွန်​မ ​ရေထ​သောက်​ဖို့ ဆင်းတုန်းက၊ သူ​​လေ ဧည့်​ခန်းထဲမှာ မျက်​စိကြီးမှိတ်​ပြီး မတ်​တပ်​ရပ်​​နေတာ​တွေ့မိလို့ပါ. ကျွန်​မဖြင့်​ လန့်​​တောင်​သွား​သေးတယ်​ ... ဒီ​လောက်​ပါပဲ!"

"အဲ့လိုကို?" လုကျင်းလီက ရယ်​ချင်​ပက်​ကျိအသံဖြင့်​ပြောလာ၏၊ ​နောက်​မှ အသံကိုထိန်းကာဖြင့်​။ "အင်း ... သိပ်​​တော့မထူးဆန်းပါဘူး၊ သူ့ကို အဲ့အတိုင်းသာ လွှတ်​ထားလိုက်​. အခုချိန်​ သူဘာလုပ်​လုပ်​ အကုန်​လုပ်​ခွင့်​​ပေးလိုက်​ ... သူ့ကို သွားပြီး​တော့သာ မနှိုးလိုက်​နဲ့၊ တစ်​​အောင့်​​နေရင်​ သူ့ဘာသာသူ သူ့အခန်းပြန်​သွားလိမ့်​မယ်​!"

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now