အခန်း(၆၄) နောက်ကျမှ လာတဲ့ ဧည့်သည်

6.9K 921 18
                                    

ကျန်းမုရယ်က ဂိမ်းနဲ့ပတ်သက်တဲ့ ပစ္စည်းကိရိယာတွေကို ကျွမ်းကျင်စွာ တပ်ဆင်လျက်​ ... ငါး​ကြော်​နဲ့ အာလူး​ကြော်​ထုပ်​​တွေရယ်​ ပြီး​တော့ ဂျယ်​လီ​တွေ အထုပ်​လိုက်​ကြီးကို ဘယ်​ကမှန်းမသိ ဆွဲထုတ်​လာ​လေရဲ့။ နှစ်လိုဖွယ် သံစဉ်တစ်ခုကို ညည်းရင်း သူ့ရဲ့ ဝိုင်သိုလှောင်ခန်းထဲက အရည်အသွေးကောင်းတဲ့ ဝိုင်တစ်ပုလင်းကို ထုတ်လာ​လေတယ်​။

အားလုံးက အဆင်သင့်ဖြစ်နေပြီ ဖြစ်တာကြောင့် ကြမ်းပြင်ပေါ်မှာ သူတင်ပလ္လင်ခွေထိုင်ချလိုက်​ရင်း သူ့လက်တွေကို ပွတ်နေလိုက်တယ်။ သူကိုယ့်သူ ဂိမ်းနဲ့ရင်းနှီးအောင် စ,ကစားတော့မယ်အချိန်မှာ အပြင်ဘက်က တံခါးဘဲလ်သံက ရုတ်တရက် ထမြည်လာတယ်။

ကျန်းမုရယ်ရဲ့ မျက်နှာက ချက်ချင်း အမည်းရောင် ပြောင်းသွားတယ်။ သူက တံခါးကို ဖွင့်ပေးရမယ့်အစား လိန်းမင်ဆီကို တိုက်ရိုက်ဖုန်းခေါ်ပြီး စိတ်တိုစွာနဲ့ ပြောလိုက်တယ်။

"ဘဲလ် တီးနေတာ တော်ပါတော့! မနက်ဖြန် မနက် အချိန်မှီ ရောက်စေရပါ့မယ်လို့ ကတိပေးထားပြီးသားပဲကို! အာ့ မလုံလောက်သေးဘူးလား? နေ့တိုင်းပဲ ကျနော့်ကို အိမ်မွေးတိရစ္ဆာန်တစ်ကောင်လို ဟိုဟာ အမိန့်ပေး ဒီဟာ အမိန့်ပေးနဲ့ ... ဂိမ်းလေးတောင် ကစားခွင့်မပေးဘူး .. ကျနော့် မယုံကြည်ဘူးဆိုရင် ကျနော်လည်း ဒီထပ်ပိုပြီး သည်းမခံနိုင်တော့ဘူး .. အလုပ်ထွက်လိုက်တော့မယ်!"

"ဟမ်? ဘာကို တီး​နေလို့လဲ?" တခြားတစ်ဖက်မှာတော့ လိန်းမင်က လုံးဝ ဝေခွဲမရဖြစ်နေတယ်။

ကျန်းမုရယ် အသက်မရှုနိုင်ဖြစ်ပြီး ပြောလက်စရပ်သွားမိတယ်။

"ကျနော့် တံခါးဘဲလ်ကို နှိပ်နေတာ အကို မဟုတ်ဘူးလား?"

"ငါကဖြင့် မင်းအိမ်နဲ့ တော်တော်ဝေးဝေး ရောက်နေပြီ! ပြီးတော့ ငါ ကားမောင်းနေတာ!" လိန်းမင်က လုံးဝ အပြစ်ကင်းတယ်။

"အဲ့ဒါဆို .. ဘယ်သူ​ကြီးလား? ကျနော် ဒီမှာနေတာကို သိတဲ့လူ သိပ်​မရှိပါဖူး​နော်​ ....." ကျန်းမုရယ်က သင်္ကာမကင်းစွာ ရေရွတ်လိုက်တယ်။

"မင်းရဲ့ အိမ်လိပ်စာ ပေါက်ကြားသွားတယ်လို့တော့ ငါ့မပြောနဲ့နော်! ဂရုစိုက်! တံခါးမဖွင့်နဲ့အုံး ... သတင်းထောက်တွေ ဖြစ်နေမှာ ဆိုးရတယ်​! နန်ရှီလည်း ရှိ​နေ​သေး​တော့!" လိန်းမင်က ရုတ်ချည်း နိုးနိုးကြားကြား ဖြစ်လာတယ်။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Opowieści tętniące życiem. Odkryj je teraz