အခန်း(၅၃) သ​ဘောကျချင်​စဖွယ်​မလား?

7.6K 957 23
                                    

နန်​ရှီ​လေးလဲ ထိုအတိုင်း ခပ်​​တောင့်​​တောင့်​​လေးဖြစ်​သွားတယ်​။ ဘရာကို အကုန်​ဆွဲထုတ်လိုက်ရင်လဲ မဟုတ်​​သေး...ဒါ​ပေမယ့်​ ပြန်​ဝတ်​ထားရ​အောင်​လည်း မဟုတ်​ပြန်​ဘူး။ ဘယ်​လိုပုံပဲဖြစ်​ဖြစ်​ တကယ့်​ကို ခွတီးခွကျ အ​ခြေအ​နေကြီးရယ်​...။

အဆိုးဆုံးက​တော့ ဒီ​နေ့သူမဝတ်​ထားတဲ့ ဘရာက အထူး​အော်​ဒါမှာထားတာ..။ ဘယ်​ညာ တ​ဖက်​စီမှာ သုံးမြှောင်​ပုံ စူပါမန်း logo ကြီးကို ပုံ​ဖော်​ထားတယ်​​လေ...အာ့က မဟားတရားကြီး ထင်း​နေတာပဲ။

(Kiley - သိတယ်​ဟုတ်​ စူပါမန်း logo ​လေး (S)ဆိုပြီး ​ရေးထားတာ​လေ😂)

လုထင်း​ရှောင်​ အဲ့ဒီစူပါမန်း logo ကို ​​ရှင်းရှင်းလင်းလင်းကြီးကို မြင်​မိတယ်​။  သူ့မျက်​ခုံး အနည်းငယ်​တွန့်​တက်​သွားတယ်​...ဒါ​ပေမယ့် လူကြီးလူ​ကောင်း[gentleman]တို့ ထုံးနှလုံးမူကာ ဘာမှမဖြစ်​သလိုပဲ ​​ချောင်းဟန့်​လိုက်​ရင်း , "အာ...​ဆောရီး... တံခါးပွင့်​​နေတာနဲ့ အဲ့ဒါမို့ . . . "

သူ အခန်းထဲက ပြန်​ထွက်​ဖို့ ပြင်​လိုက်​သည်​။

"ရပါတယ်​၊ ကျွန်​မအမှားပါ ... တံခါးမပိတ်​မိလိုက်​ဘူး!" နန်​ရှီက ပြန်​​ပြောရင်းနဲ့ပဲ ဘာမှမထူးဆန်းသလို သူမဘရာကို ဆွဲထုတ်​လိုက်​ပြီး​တော့ အိပ်​ယာ​အောက်​ထဲ ထိုးထည့်​လိုက်​တယ်​။ သူမလက်​နဲ့ သူမကိုယ်​သူမ ယပ်​​တောင်​ခတ်​သလို တဖျက်​ဖျက်​ခတ်​လိုက်​တယ်​။ "ဟူး...အမ​လေး ဒီ​နေ့များ ပြုတ်​ထားသလိုပဲ... ရှင်​တို့​ယောက်ျား​တွေက​တော့ မိန်းက​လေး​တွေရဲ့ဒုက္ခကို ဘယ်​သိပါ့မလဲ! ဒါနဲ့...ရှင်​ ကျွန်​မကို ဘာအတွက်​များ လာရှာတာလဲ?"

"ဘာလို့ မိုးချုပ်​မှ ပြန်​လာရတာလဲ? ဒိတ်​ လား?" လုထင်း​ရှောင်​က ဘာမှဂရုမစိုက်​သလိုပုံမျိုးနဲ့ ​မေးခွန်းထုတ်​တယ်​။

"ဖွီ...ဘာကို Date! ​ကျွန်​မ ​ခွေး​လေ​ခွေးလွင့်​ တစ်​​ကောင်​နဲ့​တွေ့ပြီး အကိုက်​ခံရလို့... နဲနဲပါးပါး​ စကား​တွေ ​ပြောခဲ့ရတာ" နန်​ရှီက မဲ့ရွဲ့ကာ မ​ကျေမနပ်​​ပြောဆိုလာသည်​။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Wo Geschichten leben. Entdecke jetzt