အခန်း(၂၄) ဘူးသီးညီအစ်ကို[1]

8.8K 1K 62
                                    

လုကျင်းလီစကားတွေရဲ့ သက်ရောက်မှုက များလွန်းတော့ နန်ရှီမှာ နားလည်ဖို့ တော်တော်အချိန်ယူလိုက်ရတယ်။

နန်ရှီ သူမကိုအတင်း တွယ်ကပ်နေတဲ့ ပေါက်စီလေးကို ငုံ့ကြည့်လိုက်သည်။ "ရတနာလေး, သားအဲ့ဒါတွေကို ခွဲလိုက်တာ အန်တီ့ကို တွေ့ချင်လို့ဆို?"

ရတနာလေး ခေါင်းငြိမ့်ပြသည်။

နန်ရှီ မျက်မှောင်ကျုံ့သွားသည်... "သားလုပ်တာတွေ မှားတယ်ဆိုတာ သားသိလား?"

ရတနာလေး ခေါင်းခါပြသည်။

နောက်ဆုံးတော့ လုထင်းရှောင် ဘာလို့စည်းကမ်းတင်းကျပ်နေလဲဆိုတာ နန်ရှီနားလည်သွားသည်။ ဒီကလေးက အလိုလိုက်ခံရလွန်းလို့ အားလုံးသူ့စိတ်တိုင်းကျ ဖြစ်ရမယ်ဆိုပြီး ခံစားနေရတာဖြစ်မယ်။

နန်ရှီ့အကြည့်တွေက အလေးအနက်ပြောနေတဲ့ပုံနဲ့ "အခုအန်တီသားကို ပြောပြမယ် ... သားလုပ်လိုက်တဲ့ဟာတွေက မှားတယ်. ဆိုးသွမ်းတဲ့ကလေးတွေပဲ အဲ့ဒီလိုလုပ်တာ... အဲ့တော့နောက်ထပ်ဘယ်တော့မှ ဒါမျိုးထပ်မလုပ်ရဘူးနော်, ဟုတ်ပြီလား?"

ရတနာလေး ခေါင်းငြိမ့်ပြသည်။

လုထင်းရှောင်မျက်နှာကတော့ ဘယ်လိုပြောရမှန်းတောင် မသိဘူး။

ရတနာလေးက ထိန်းသိမ်းလို့မရဘူး...ဒါပေမဲ့ သူတစ်ခုခုကို ခေါင်းငြိမ့်သဘောတူလိုက်ပြီဆိုရင် အဲ့ဒါကိုမဖြစ်ဖြစ်အောင် လုပ်လိမ့်မယ်။

စိတ်အထူးကုတွေက ရတနာလေးရဲ့ ကြောက်စရာဗျူ ဟာတွေဖြစ်တဲ့ အစာအငတ်ခံတာ၊ ကိုယ့်ကိုယ်ကိုပိတ်ထားတာ၊ ပစ္စည်းတွေ ခွဲပစ်တာတွေကိုရပ်အောင် နည်းမျိုးစုံ ကြိုးစားခဲ့ကြတယ်...ဒါပေမဲ့ ရတနာလေးက လုံးဝကို မပြောင်းလဲတာ။

အတင်းအကြပ်လုပ်မယ်ဆိုတော့လည်း လူကြီးနှစ်ယောက်က မလုပ်ရက်ကြဘူး ... အမြဲတမ်းတစ်ဝက်နဲ့ရပ်လိုက်ပြီး သူတို့တန်ဖိုးထားရတဲ့မြေးလေးရဲ့ စိတ်တိုင်းကျသာ လုပ်ခိုင်းလိုက်တော့တယ်။

ရတနာလေးအပေါ် နန်ရှီ့ရဲ့လွှမ်းမိုးနိုင်မှုက သူထင်ထားတာထက် ပိုကောင်းနေသည်။ သူလဲဒါကိုကျေနပ်သည်။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now