အခန်း(၆၇) လ​ရိပ်​​​အောက်မှာပွင့်​​သောအနမ်း

8.6K 1.1K 39
                                    

လု အိမ်တော်

သူမအခန်းထဲ ပြန်​ရောက်​ပြီးလို့ ညဝတ်အင်္ကျီ လဲဝတ်ပြီးနောက်မှာ​တော့ နန်ရှီဟာ လျှပ်စီးအလျင်​အလား​ ပေါက်စီလေးအား အ​ပြေးအလွှား ရှာ​ဖွေပါ​တော့သည်​။

"ရတနာပုစိ​ရေ... အန်တီ​လေ ဒီည အမှောင်နည်းနည်းကြောက်နေလို့ သားသားနဲ့အတူ အိပ်လို့ရမလား?"

ပေါက်စီလေးက​ တော်တော်​လေး ပျော်သွားတာပေါ့၊ အဲ့​နောက်​ သူမအတွက် အိပ်ရာပေါ်မှာ နေရာ အကျယ်ကြီးကိုတောင် ပျော်ပျော်ကြီး ပေးလာ​လေရဲ့။

"ကျေးဇူးပဲနော် ဒါလင် ~ good night ဒါလင်~"

အန်တီရဲ့ ကံကောင်း​စေတဲ့ အ​ဆောင်​​လေး၊ ဒီနေ့ညမှာ ငါ့ကို လုံခြုံအောင်မှု​ပေးစွမ်းနိုင်​မယ်​လို့ မင်းလေးကို ယုံထားတယ်​​နော်​...

ဒီနေ့ ဖြစ်ခဲ့သမျှ အရာအားလုံးက အရမ်းကို ရင်​ဖွယ်​ရာ​ကောင်းလှ​ပေတယ်​၊ သူမနှလုံးသားတောင် ခုထိ အခုန်​မြန်​​နေဆဲ။

ဒီကနေ့ပြီးတဲ့နောက်  သူမနဲ့ လုထင်းရှောင်ကြားက ဝေဝါးနေတဲ့ အကာအကွယ်လေးဟာ တစ်ချက်ထိရုံနှင့် ကွဲသွားလောက်အောင် ထိလွယ်​နေမှန်းကို သူမ ခံစားမိနေပါတယ်...

အကယ်၍ အဲ့ဒါလေးသာ ကွဲသွားမယ်ဆို သူမ အဲ့ဒီ အခြေအနေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ သေချာ မသိဖူးရယ်​...

ကံကောင်းစွာနဲ့ ပေါက်စီလေးကို ရင်ခွင်ထဲမှာ ထည့်ပြီး အိပ်ရတာ တကယ် ကောင်းတဲ့ အိပ်ဆေးလေးပါပဲ၊ လုံးဝ အိပ်မော မကျသွားခင်ထိ သူမ နာရီဝက်လောက် အသက်ပြင်းပြင်း ရှုသွင်းရှုထုတ် လုပ်နေလိုက်​တယ်​...

နန်ရှီမှာတော့ အေးအေးချမ်းချမ်းအိပ်စက်ဖို့ ပေါက်စီလေးရဲ့ အကူအညီရှိပေမဲ့ နောက်တစ်ယောက်ကတော့ဖြင့်​ ညအလယ်ကြီးတွင်​ အိပ်မပျော်ဘဲဖြစ်နေပြီး စာကြည့်ခန်းအတွင်းဝယ်​ တိမ်တွေလို ထူထပ်နေတဲ့ မီးခိုးတွေနဲ့ ပြည့်​နှက်​နေ​လေတယ်​။

ဟက်​, ရိုက်ကူးရေးလုပ်တဲ့နေ့ က နန်ရှီဆီ လက်ဆောင်တွေ ပို့တဲ့နှစ်ယောက်ကို ဒီလောက် ရက်အကြာကြီး စုံစမ်းတာတောင် ရှာမတွေ့တာ အံ့သြစရာ မဟုတ်တော့ပါဘူးလေ၊ အဲ့ထဲက တစ်ယောက်က 'လျှို့ဝှက်သစ္စာဖောက်' ကို။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now