အခန်း(၄၅) ကျေးဇူးတင်ကြောင်း​ဖော်ပြ

8.5K 1K 45
                                    

Burmese Translation of
囧囧有妖's Fullmark Hidden Marriage.

Helping me to Translate:
Translator - @No_Coz

_

"ဘာဖြစ်တာလဲ... မကျေနပ်သေးတာလား..." လုထင်းရှောင် သူမနောက်နားမှာ ရပ်နေတယ်။ 

နန်ရှီ နဖူးကို ကိုင်ထားလိုက်မိတယ်။ "ကျေနပ်တာ မကျေနပ်တာက အဓိက မဟုတ်ဘူး..."

"ဒါဆို ဘာဖြစ်လို့လဲ..."

"CEO လု. . . "

"ကိုယ့်နာမည်ပဲ ပြော..."

"ကောင်းပြီ လုထင်းရှောင်... ရှင် ကျွန်​မအပေါ် သိပ်ကောင်းလွန်းနေတယ် မထင်ဘူးလား..." သူ သူမအပေါ် သိပ်ကောင်းလွန်းနေတော့ သူမတောင် အထင်လွဲမိမလိုဖြစ်လာပြီ။

"မင်း အခုမှ သတိထားမိတယ်ပေါ့..." လုထင်းရှောင်မှာ ကလေးတစ်ယောက်ကို တစ်စုံတစ်ရာ သင်ပြပေးတာ အောင်မြင်သွားလို့ ကျေနပ်သွားတဲ့ မျက်နှာပေးနဲ့။

နန်ရှီ၊ ". . ."

သူမ ဇဝေဇဝါဖြစ်နေတာကို တွေ့တော့ လုထင်းရှောင်မျက်ဝန်းတွေ စက္ကန့်ပိုင်းလောက် ညိုမှောင်သွားတယ်။ "မင်းက ရတနာလေးကို ကယ်ခဲ့တာ... ပြီးတော့ ရတနာလေးကလည်း မင်းရဲ့အကူအညီကို ကာလကြာရှည် လိုအပ်နေဦးမှာ... မင်းကို ကောင်းကောင်း ဆက်ဆံတာ ဘာမှားလို့လဲ..."

သူ ခဏလောက် ရပ်ပြီးနောက် သူမကို ကြည့်လိုက်တယ်။ "ဒါမှမဟုတ်... တခြားနည်းနဲ့ ကျေးဇူးတင်ကြောင်း ပြပေးရမလား..."

ဆိုတော့ကာ သူမက သူ့ရည်ရွယ်ချက်တွေကို အထင်လွဲနေမိတာပဲကိုး။ သူမ ရင်ထဲတစ်စို့နေခဲ့တဲ့ အလုံးကြီးပြေလျော့သွားသလိုပဲ ခံစားလိုက်ရတယ်။ သူမ အမြန်လက်ခါပြလိုက်ပြီး ပြောလိုက်တယ်။ "မဟုတ်... မလိုပါဘူး... ဒီအတိုင်းပဲ ကောင်းပါတယ်... တော်တော်ကောင်းနေတယ်..."

သူ ကျေးဇူးပြန်ဆပ်ဖို့ အခြားနည်းလမ်းတွေကိုတော့ သူမ စဉ်းစားပေးမှာ မဟုတ်ဘူး။

နန်ရှီကတော့ လုထင်းရှောင်လိုလူမျိုးနဲ့ ပတ်ဝန်းကျင်တစ်ခုတည်းမှာ ဝင်ဆံ့မှာ မဟုတိဘူး။ သူသာ သူမရဲ့ အတိတ်က အညှီအဟောက်တွေ သိသွားလို့ကတော့ ရတနာလေးနဲ့တောင် ပေးတွေ့တော့မှာ မဟုတ်ဘူး။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now