အခန်း(၆၃) အချီ ၃၀၀ တိုက်ပွဲ

7.2K 990 64
                                    

ကားက ပင်မတံခါးပေါက်ကြီးကို ဖြတ်ဝင်လာတဲ့အခါ နန်ရှီက သာမန်ကာလျှံကာပဲ မေးလိုက်တယ်။

"ကျန်းမုရယ် ... နင့်ရဲ့ အိမ်က နံပါတ်ဘယ်လောက်လဲ?"

"နံပါတ်(၆)"

"...." နန်ရှီ အနည်းငယ်မျှ ကြောင်အသွားမိတယ်။ အဲ့ဒါက တကယ်ပဲ နံပါတ်(၆) ဖြစ်နေတယ်။

Platinum Palace မှာ အိမ်တွေကို အဆင့်အတန်းအမျိုးမျိုး ခွဲခြားသတ်မှတ်ထားတယ်။ အကောင်းဆုံးကတော့ မလွဲမသွေ မကောင်းဆိုးဝါးဘုရင်ကြီးလုရဲ့ နံပါတ်(၈) စံအိမ်တော်ပဲဖြစ်တယ်။ အဲ့ဒါက ပိုင်နက်အများဆုံးနေရာယူထားပြီး ရေကန်ကျယ်ကြီးရယ်၊ အဲ့ဒီနောက်မှာ ပန်းဥယျာဉ်တစ်ခုရယ်နဲ့ ကိုယ်ပိုင်ဂေါက်ကွင်းတောင် ရှိတယ်။ ဒုတိယကတော့ လုကျင်းလိရဲ့ နံပါတ်(၇) စံအိမ်တော်ဖြစ်တယ်။ နံပါတ်(၆)စံအိမ်တော်ဟာ နံပါတ်(၇)စံအိမ်တော်နဲ့ အဆင့်အတန်းတူတူပဲ ဖြစ်တယ်။

နံပါတ်(၆)စံအိမ်တော်ရဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး။ အဲ့ဒီပိုင်ရှင်က တကယ်ပဲ ဒီကျန်းမုရယ် ဆိုတဲ့ ကောင်လေး ဖြစ်နေမယ်လို့ သူမ မမျှော်လင့်ထားခဲ့မိဘူး။

လိန်းမင် ညာဘက်ကို ကွေ့တော့မှာကို မြင်လိုကိတဲ့အခါ နန်ရှီ ကောက်ကာငင်ကာနဲ့ သတိပေးလိုက်မိတယ်။

"အကိုမင် ... ဒီဘက်က မသွားနဲ့ .. လမ်းပိတ်ထားတယ်"

"လမ်းပိတ်ထားမှန်း နင် ဘယ်လိုသိလဲ?" ကျန်းမုရယ်က တုံဆိုင်းနေခြင်းမရှိဘဲ မေးလိုက်တယ်။

နန်ရှီရဲ့ နှလုံးဟာ ပြင်းထန်စွာ ခုန်ပေါက်သွားတယ်။ ဒါပေမဲ့ အပြင်မှာတော့ တည်ငြိမ်စွာနဲ့ သူ့ကို အထင်သေးသလို ကြည့်လိုက်တယ်။

"အဲ့မှာ သတိပေးဆိုင်းဘုတ်ကို မမြင်ဘူးလား?"

အမှန်တော့ အဲ့ဒီလမ်းမှာ မူးရူးနေတဲ့ သူဌေးသားတစ်ချို့ မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်။ မနေ့က အဲ့ဒီနေရာကို ဖြတ်သွားတော့ သူမ မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာ။

ကျန်းမုရယ်က လမ်းရဲ့ ဘေးမှာ 'ရှေ့တွင် လမ်းတံတားပြုပြင်နေသည်' ဆိုတဲ့ ဆိုင်းဘုတ်ကို မြင်သွားပြီး ပြောလိုက်တယ်။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now