အခန်း(၅၂) အနမ်း​ကု​သ​ဆေး

8.3K 1K 105
                                    

"ဘယ်​လိုရတယ်​ထင်​လဲ?" နန်​ရှီက လက်​နှစ်​ဖက်​ယှက်ကာ ​ခုံကို မှီချထိုင်​လိုက်​၏...သူ့​မေးခွန်းကို ​မေးခွန်းနဲ့ပဲ တုန့်ပြန်လိုက်သည်။

ဆုယန်​ရဲ့ ​သည်းခံမှု​တွေ ဂိတ်​ဆုံးသွားတဲ့ပုံပါပဲ...သူ စားပွဲ​ကို ရိုက်​ချလိုက်​တယ်​။ "နန်​ရှီ! မင်းလို မိန်း​က​လေးမျိုး အနုပညာ​လောကထဲ​ရောက်​သွားတာနဲ့ ဘာဖြစ်​မလဲကို မင်း ငါ့ထက်​ပိုသိပါတယ်​! ဘာလို့များ ​ဒီ​လောက်​​နောက်​ကျိတဲ့ ​ရေထဲကို ခုန်​ချဖို့ စိတ်​ကူး​နေရတာလဲ!"

"ဟမ့်​...ကျွန်​မလို မိန်းက​လေး. . . ." နန်​ရှီ ပြုံးသွားတယ်​။ "သခင်​​လေးယန်​ ... ကျွန်​မတို့က ဘယ်​လို ဆက်​ဆံ​ရေးမျိုးမို့လို့လဲ မသိဖူး​နော်​၊ ရှင်​ ကျွန်​မကို ဒီလို ဝင်​စွက်​ဖက်​လို့ ရလို့လား?"

အရင်​တုန်းက သူမသာဆို ဒီလိုစကားမျိုး ကြားမိရင်​ စိတ်​​တွေ​ယောက်​ယက်​ခက်​မိအုံးမှာပါ။

ဆုယန်​ အရင်​တုန်းက သူမကို ခဏခဏ ​ပြောခဲ့တယ်​၊ သူ့ဇနီး​လောင်းဖြစ်​လာမဲ့သူကို အနုပညာနယ်​ပယ်​ထဲ ဝင်​ဖို့ ခွင့်​မပြုနိုင်​ပါဘူးတဲ့​လေ။ ဒါ​ပေမယ့်​ နန်​ရွှယ်လျို ​ဝင်​လာ​တော့ သူက သူမကို အပြည့်အဝ​တောင်​ အား​ပေး​ထောက်​ခံလိုက်​​သေးတယ်​။ အဲ့ဒါများ သူက ဒီမှာ လာထိုင်​ပြီး သူမ ဘဝကို အမိန့်​​ပေးဖို့ ​ကြိုးစား​တယ်​​ပေါ့။

"​ရှောင်​ရှီ ... အစ်​ကိုတို့ လမ်းခွဲသွား​ပေမယ့်​လည်း မင်းအပေါ် ညီမ​လေး တစ်​​ယောက်​လို သ​ဘောထားပါ​သေးတယ်​. အစ်​ကို ညီမကို ကူညီ​နေတာပါ၊ ညီမ​ခေါင်းမာ​နေတာ​လေး​တွေ ရပ်​လိုက်​ပါလား? ဒီပိုက်​ဆံ ယူသွားပြီး Starlight Entertainment နဲ့ စာချုပ်​ချုပ်​ထားတာကို ဖျက်​သိမ်းလိုက်​ပါ...ပြီးရင်​ အနုပညာ​လောကထဲက ထွက်​သွားလိုက်​​နော်​!" ဆုယန်​က သူမကို အသည်းအသန်​ တိုက်​တွန်းသည်​။

"အာ...ဒါ ကျွန်​မကို ကူညီ​နေတာ​ပေါ့​လေ?" နန်​ရှီရဲ့ ပျင်းတိပျင်းရွဲ့ အကြည့်​​တွေက ရုတ်​တရက်​ အရိုးထိ​ဖောက်​ထွက်​မတက်​ကို ​အေးစက်​သွားတယ်​ , "အခု​လော​လောဆယ်​​တော့ ကျွန်​မမှာ သခင်​​လေးယန်​ ကူညီမှဖြစ်​မယ့်​ ကိစ္စတစ်​ခုရှိတယ်​! သခင်​​လေးယန်​ ကျွန်​မကို ကူညီပြီး နန်​မိသားစုကို အမှန်​တရား​ပြောပြ​ပေးဖို့ ​မျှော်​လင့်​ပါတယ်​...ပြီး​တော့ နန်​ရွှယ်​လျိုက ယောက်ျားနှစ်​​ယောက်​ကို ခိုင်း​စေကာ ကျွန်​မကို မုဒိမ်းကျင့်​ခိုင်း​ကြောင်းလဲ တရားရုံးမှာ ထွက်​ဆို​ပေး​​နော်​. ရှင်​ ကျွန်​မအတွက်​ ဒီကိစ္စ​လေး​တွေကို ကူညီ​ပေးမယ်​မလား?"

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Wo Geschichten leben. Entdecke jetzt