အခန်း(၆၀) နှစ်ပေါင်းထောင်သောင်းမက ချစ်မယ်!

7.2K 975 69
                                    

သူမအပေါ် လုထင်းရှောင်ရဲ့ သဘောထားက နည်းနည်းထူးခြားတယ်ဆိုတာ နန်ရှီ သတိမထားမိဘဲ မနေပါဘူး။ ဒါပေမယ့် သူက 'မိတ်ဆွေကောင်း" ဆိုတဲ့ စည်းကို ဘယ်တုန်းကမှ မကျော်ခဲ့ဘူး။ တကယ်လို့ သူမသာ ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်ဆိုရင် တကယ်မရှိတဲ့ ခံစားချက်တွေကို သူမက စိတ်ကူးယဉ်နေတဲ့ပုံ ပေါက်သွားလိမ့်မယ်။

ဒါကြောင့် နန်ရှီက ပုံမှန်မေးခွန်းတစ်ခုလို့ သဘောထားလိုက်ပြီး သာမန်ကာလျှံကာပဲ ဖြေလိုက်တယ်။

"ယောက်ျားလေး!"

လုထင်းရှောင် မျက်လုံးတွေက မသိမသာ မှေးစင်းသွား၏။

"ဒီည ပြန်လာမှာလား?"

{ ဒီမေးခွန်းကြီးက ....... ကြားရတာ ပို,ပိုပြီး ... }

နန်ရှီက သူမရဲ့ သရုပ်ဆောင်စွမ်းရည်တွေကို ထုတ်သုံးပြီး မေးခွန်းရဲ့ အဓိပ္ပါယ်ကို နားမလည်ဟန်ဆောင်လိုက်တယ်။ ပြီးတော့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်တယ်။

"အဲ့ဒါတော့ သိပ်မသေချာဘူး ... ဖုန်းဆက်လိုက်မယ်လေ ... နောက်ကျတော့မှာပဲ! အပေါ်ထပ်ကို အရင်သွားလိုက်ဦးမယ်!"

ဒီညက တကယ့်ကို မမျှော်လင့်ထားတဲ့ အခြေအနေတွေ ဖြစ်လာမှာ အသေအချာပဲ။ သူမကိုယ်သူမ မထိန်းနိုင်ဘဲ ကျန်းမုရယ် .. အဲ့ကောင်စုတ်လေးကို တစ်ညလုံး ရိုက်နေမိတာတို့ ဘာတို့ ...

နန်ရှီက အနက်ရောင် အိတ်ကြီးတစ်အိတ်ကို အပေါ်ထပ်ကနေ အမြန်ယူလာတယ်။ ပြီးတော့ အလင်းရဲ့ အလျင်နဲ့ ပေါက်စီလေးကို ပွေ့ဖက်နမ်းရှုပ်ပြီး နှုတ်ဆက်လိုက်တယ်။

ခပ်မြန်မြန် ပြေးထွက်သွားတဲ့ မိန်းကလေးရဲ့​ကျောပြင်ကို ကြည့်နေရင်း လုထင်းရှောင်ရဲ့ မျက်နှာက ဩဂုတ်လမှာ နှင်းတွေကျလာသလိုမျိုး ချက်ချင်းပြောင်းလဲသွားတယ်။

ပေါက်စီလေးက နန်ရှီကလွဲပြီး သူ့အဖေအပါအဝင် တခြားဘာကိုမှ စိတ်မဝင်စားဘူး။ ဒါပေမယ့် အဖေဖြစ်သူရဲ့ မထိန်းနိုင်​မသိမ်းနိုင် မည်းမှောင်နေတဲ့ မျက်နှာကို မြင်လိုက်ရတော့ ခေါင်းငုံ့ပြီး notepad ပေါ်မှာ တစ်စုံတစ်ခုကို ရေးလိုက်တယ်။ ပြီးတော့ သူ့ကို လက်သန်းလေးနဲ့ သွားတို့လိုက်တယ်။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only حيث تعيش القصص. اكتشف الآن