အခန်း(၅၄) မရီး

7.9K 940 18
                                    

နောက်တစ်​​နေ့မနက်​...

နန်ရှီ ထွက်သွားပြီး​တော့ စိုးရိမ်နေတဲ့ လုထင်းရှောင် တစ်ယောက် လုကျင်းလီကို ဖုန်းဆက်လိုက်တယ်။

"တစ်ယောက်ယောက်ကို ရိုက်ကွင်း ပို့လိုက်"

"အစ်ကို, ကျွန်​​တော်​တို့ မရီး​ကို တစ်ယောက်ယောက်က အနိုင်ကျင့်မှာ စိုးရိမ်နေတာလား? ဒါက စတားတစ်ယောက်ဖြစ်ချင်တဲ့သူတိုင်း ကြုံတွေ့ရမယ့် အရာတစ်ခုပဲ​လေ .. အဲ့ဒါကပဲ သူ့(မ)ကို ပိုပြီး သန်မာလာစေမှာ! တကယ်လို့သာ သူ(မ)ဒါကို မကျော်လွှားနိုင်ရင် ဘယ်တော့မှ သူ့(မ)ဘာသာသူ(မ) ရပ်တည်နိုင်မှာ မဟုတ်ဘူး!"

လုထင်းရှောင် တစ်စုံတစ်ယောက်ကို သင်ပြတဲ့အခါ ပြောတဲ့ အသံအနေအထားအတိုင်း လုကျင်းလီက ​ပြောလိုက်​သည်​။

လုထင်းရှောင် ~ "သူမက အဲ့ဒါတွေ မလိုဘူး" ပြောချင်တာက သူက သူမကို ကာကွယ်ပေးမှာပေါ့လေ ..။

လုကျင်းလီ ~ "...."

သူ့အစ်ကိုရဲ့ ဘက်လိုက်တဲ့ ဆက်ဆံပုံတွေကြောင့် လုကျင်းလီရဲ့ နှလုံးသားလေး ကြေကွဲဝမ်းနည်းသွားရရှာတယ်။

{မနှစ်ကတုန်းကဖြင့် ကျွန်​​တော့်​များကျ ဘာမှမပြောဘဲ Glory World ဆိုတဲ့ အမှိုက်ပုံကြီးထဲကို လွှင့်ပစ်လိုက်ပြီး တခြားဘယ်သူ့ကိုမှ ကျွန်​​တော့်​ကို ကူညီခွင့်မပြုခဲ့ဘူးလေ။}

"အိုကေ .. အိုကေ .. သူ့(မ)ရဲ့ ဆံချည်တစ်မျှင်​တောင်မှ မထိခိုက်ရအောင် စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို ရိုက်ကွင်းပို့ဖို့ စီစဉ်လိုက်ပါ့မယ်!"

"နောက်လကျရင် ​တစ်ပတ်နားလိုက်​" , လုထင်းရှောင်က ရုတ်တရက် ပြောလာ၏။

"ဟမ် .. အစ်ကို ဘာပြောလိုက်တယ်​?"

လုကျင်းလီ ကိုယ့်နားကိုတောင် မယုံနိုင်ဘူး။

"အစ်ကိုက ကျွန်​​တော့်​ကို နားခွင့်ပြုတယ်? ပြီးတော့ အဲ့ဒါက တစ်ပတ်ကြီးများတောင်? သုံးနှစ်လုံးလုံး ကျွန်​​တော့်​ကို ခွင့်တောင် မယူခိုင်းခဲ့ဘဲနဲ့လေ!"

"မလိုချင်ဘူးလား?"

"လိုချင်တယ်! လိုချင်တယ်! လိုချင်တယ်! ဒါပေါ့ .. လိုချင်တာပေါ့! ဒါပေမဲ့ ... ဘာလို့ ကျွန်​​တော့်​ကို ရုတ်တရက်ကြီး ကောင်းကောင်းဆက်ဆံနေရတာလဲ?"

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Onde as histórias ganham vida. Descobre agora