အခန်း(၆၅) ပုံမှန်​မဟုတ်​​သော ​တွေ့ဆုံခြင်း

6.7K 941 23
                                    

"မင်း ​ဘယ်​လောက်ကြာ ​​နေမှာလဲ?" လုထင်း​ရှောင်​ရဲ့ အသံအ​​နေအထားက အကြီးတစ်​​ယောက်​နဲ့ သူ​ဌေးတစ်​​ယောက် အတိုင်းပါ​ပေ။

ကျန်းမုရယ်​က ခပ်​မတ်​မတ်​ထိုင်​လျက်​ လိမ္မာ​တဲ့​ကျောင်းသားတစ်​​ယောက်​လို ပြန်​​ဖြေ​​လာ၏။ "အားလုံး ​အေး​ဆေးပဲဆို​တော့ ဒီအချိန်​က ကိုယ့်​နိုင်​ငံတွင်း ပြန်​​နေသင့်​ပြီ​လေ. ဒီနှစ်​ထဲ နယ်​ပယ်​ထဲက လူ​တော်​​တော်​များများ ပြည်​ပမှာပို တိုးဝင်​ကြတာ​တောင်​...ကျ​နော်​တို့ရဲ့ ပြည်​တွင်းရုပ်​ရှင်​နယ်​ပယ်​က ပြီးခဲ့တဲ့ နှစ်​အနည်းငယ်​ အတွင်းမှာတင်​ မြန်​မြန်​ဆန်​ဆန်​ တိုးတက်​လာတယ်​​လေ; ဒါ့အပြင်​ ​ဈေးကွက်​ကလည်း အဆမတန်​ကြီးလာ​သေး. နိုင်​ငံခြားသွားတယ်​ဆိုတာ ပညာသင်​ဖို့​လောက်​ပဲ...ဒါမဲ့ ကိုယ့်​ကိုယ်​ကို ဒီထက်​ပိုပြီး သင်​စရာမလို​တော့ဖူးလားလို့. ပြီး​တော့ ဒီနိုင်​ငံမှာ ကျ​နော့်​ဟန်​ပန်​​လေး အမြစ်​တွယ်​လာဖို့ရာ တ​ကျော့ပြန်​​ခေတ်​ထဖို့(comeback) လိုပြီလားလို့"

"အင်း" လုထင်း​ရှောင်​က သူ့စကားလုံး​တွေကို ​ခေါင်းညိတ်​သ​ဘောတူမယ်​လို့ မ​မျှော်​လင့်​ထားဘူး။

ကျန်းမုရယ်​ အနည်းအကျင်း စိတ်​သက်​သာရာရသွားပြီး၊ ​အ​လေးထား ​မေးလာတယ်​ , "ရတနာ​လေး​ရော ဘယ်​လိုလဲ?"

လုထင်း​ရှောင်​ ~ "မဆိုးဘူး"

"အာ...ဟုတ်​သား ... သူ့အတွက်​ ကျ​နော်​ အရုပ်​​တွေ ဝယ်​လာတယ်​၊ ပြီး​တော့ အချို့လက်​​ဆောင်​​​တိုတိုထွာထွာ​လေး​တွေ ပါလာ​သေးတယ်​. ကျ​နော်​ မနက်​ဖြန်​​မှ လာမလို့ပဲ၊ အရင်​​ရောက်​လာပြီး ကျ​နော့်​လာ​တွေ့မယ်​လို့ ထင်​မထားဖူး. . ." ကျန်းမုရယ်​က ခရီး​ဆောင်​ လက်​ဆွဲ​သေတ္တာမှ လက်​​ဆောင်​​တွေကို ဆွဲထုတ်​လာတယ်​။

လုထင်း​ရှောင်​ ~ "​ကျေးဇူး"

အဲ့​နောက်​ ... အဲ့ဒီ​နောက်​မှာ​တော့ တိတ်​ဆိတ်​မှုက ကြီးစိုးသွား​လေ၏။

အချိန်​တစ်​​အောင့်​ ​လောက်​အကြာ...​ရေချိုခန်းအတွင်းမှ ​​ရေစီးကျသံတို့ကို ကြည်​ကြည်​လင်​လင်​ ကြားလာရ​ပေတည့်​ . . . . . .

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now