"သွေးသောက်ညီအစ်ကိုပဲ မရဘူး။ သူစိတ်ဖောက်လာလို့ ခလေးကို တစ်ခုခုလုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ"

"ဗျာ"

Yibo ခင်မျာ ဒီနေရာမှာတော့ ဆွံ့အသွားရပြီ။ နေလာတာ ဒီလေါက်နှစ်တောင် ကြာခဲ့ပြီကို။

"လုပ်ရအောင် ငါမကွေးသေးဘူးဟေ့ မင်းလင်ကို ငါမလိုချင်ပါဘူး။ ငါ့မှာ ချစ်သူရှိတယ်"

Seoun Younစကား​ကြောင့် Xiao Zhanက
Seoun Younကို ဟုတ်လို့လား ဆိုတဲ့အကြည့်နဲ့ ကြည့်နေသေးသည်။

Yiboကနားထောင်ရင်း ခေါင်းတစ်ညိတ်ညိတ်နဲ့ Seoun Younရဲ့ စကားအဆုံးသတ်မှာတော့ တစ်ခုခုကို တွေးတောဟန်နဲ့။

"တဆိတ် အစ်ကိုက ဘယ်တုန်းက ချစ်သူရှိသွားတာလဲ။ သိသလောက် မှတ်သလောက်လေးဆို အစ်ကိုက Faပါ"

"ဘာ!! ဒီကောင်လေးကတော့ ငါထုလိုက်ရ!"

Seoun Younတစ်ယောက် ပြောလည်းပြော လက်ကလည်းချက်ချင်း တစ်ဖက်ခုံ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ Yiboကို လှမ်းထုမယ်လုပ်တော့ Yiboက ဇက်ကလေးပု လက်ကလည်း မထုဖို့ ကာသလိုလုပ်နေတုန်း ချက်ချင်းဆိုသလိုပဲ Yiboဘေးမှာ ထိုင်နေတဲ့ Xiao Zhanက Yiboကို သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး Seoun Younကို ဂျိုကြည့် စိုက်ကြည့်နေလေသည်။

Yibo ခင်မျာ Xiao Zhan ရင်ခွင်ထဲရောက်သွားတာ​ကို မထင်ထားတဲ့အကြောင်းအရာပေမို့လား ရင်ဘတ်ထဲက အကောင်ကလည်း ကခုန်လို့ သူကိုယ်တိုင်ကလည်း ဖုံမနိုင် ဖိမနိုင်ကိုဖြစ်လို့ ရုပ်လေးက ပြုံးစိစိနဲ့။

Seoun Younတစ်ယောက် ထိုအခင်းအရာကိုလည်း မြင်ရော စိတ်လေသလို မျက်ဖြူလန်ပြပြီး ~~~

"သောက် Rsတွေ ငါ့ရှေ့ကနေ လစ်တော့! ကဲဟာ!"

ခုံပေါ်မှာ ချထားတဲ့ တစ်ရှူးလိပ်ကို Seoun Younကောက်ယူပြီး Yiboကို ပစ်ပေါက်တော့ Xiao Zhanက ထိုတစ်ရှူးလိပ္ကို ဖမ်းပြီး Seoun Younကို ပြန်လည်ပစ်ပေါက်ပြီး တဟား ဟားနဲ့ Yiboလက်ကို ဆွဲပြီး ပြေးပါလေရော။

Yiboကတော့ ပြေးရင်း နောက်ကိုလှည့်ရင်း လျှာလေးထုတ်ပြီး Seoun Younကို ပြောင်ပြလိုက်သေးသည်။

"ခွေးကောင်လေး! မင်းတို့ ပြန်မလာနဲ့နော်
ပြန်လာတာနဲ့ ငါဆော်ထည့်မယ်!!"

Triangle {Completed}Место, где живут истории. Откройте их для себя