အခန်း(၅၇)/အခနျး(၅၇)

Comenzar desde el principio
                                    

ရှောင်​ယဲ့က​တော့ အဲ့စကားကိုမယုံ​သေးဘူး။ အဲ့ဒါက သူ့ကို "မီး​လောင်​ရာ​လေပင့်​သလိုနှိုးဆွ​​" ​ပေးတဲ့ ​ရှောင်​ယဲ့စကား​တွေ​ကြောင့်​ပါလို့​ပြောကတည်းက ဝမ်​ကျိုကရှင်းရှင်းလင်းလင်းကို အကျင့်​ပျက်​တဲ့လူဖြစ်​သွားပြီ။ သူ့မှာ​တော့ ​လေဟာပြင်​(အမိုးလွတ်​) ဝရန်​တာဆီကိုအ​ခေါ်သွားခံရပြီး ပါးစပ်​အအုပ်​ခံထားလျက်​နဲ့ ချစ်​တင်းအ​နှောခံလိုက်​ရတာ။
ရှောင်​ယဲ့မှာ တကယ့်​ကို ပြန်​ခုခံဖို့အားကိုမရှိ​တော့တာ။ အဲ့ဒါက အရမ်းအကြာကြီး​တော့မဟုတ်​ဘူး,မိနစ်​အနည်းငယ်​ပဲဆို​ပေမဲ့လည်း, သူတို့အ​ဆောင်​ခန်းထဲပြန်​မဝင်​ခင်​, တကယ်​လို့ ​ဘေးနားအ​ဆောင်​ခန်းမှာ​နေ​နေတဲ့လူ​တွေများ ထူးခြား​နေတဲ့မူမမှန်​အသံ​တွေကို သတိပြုမိသွားမယ်​ဆိုရင်​, လိုက်​ကာစ​လေးနည်းနည်း​လောက်​ဆွဲပြီး ကြည့်​ရုံနဲ့ သူတို့​တွေ အကုန်​လုံးကို ရှင်းရှင်း​မြင်​သွားနိုင်​တယ်​​လေ။

"ငါအခု​လော​လောဆယ်​​တော့ ဒီဟာက ဟစ်​တိုင်​​ဆွေး​နွေးပွဲ​ပေါ်မှာ, 'ညလယ်​​ခေါင်​ကြီး heatဖြစ်​​နေတဲ့ ဘယ်​အယ်​လ်​လဖာက pheromone ​တွေအများကြီးထုတ်​လိုက်​တာလဲ' ဆိုတဲ့​ခေါင်းစဉ်​နဲ့ ပို့စ်​အတင်​ခံလိုက်​ရပြီလို့ ထင်​​နေပြီ​နော်​"

ရှောင်​ယဲ့ ​အေးစက်​စက်​အကြည့်​တစ်​ချက်​ ဝမ်​ကျို့ဆီပစ်​လွှတ်​လိုက်​ပြီး, "တကယ်​လို့ မင်းpheromone ​ကြောင့်​ hate ဖြစ်​သွားတဲ့ အိုမီဂါရှိတယ်​ဆိုရင်​ ငါ ဒါကို မင်း​ဖောက်​ပြန်​သလို ယူဆရလိမ့်​မယ်​"

ဝမ်​ကျို့မျက်​နှာထားက ချက်​ချင်းဆိုသလို ပြိုလဲပျက်​ဆီးသွားသလိုဖြစ်​သွားသည်​, "ဘယ်​လိုလုပ်​ဖြစ်​နိုင်​မှာလဲ...."

"ဘယ်​လိုလုပ်​မဖြစ်​နိုင်​ရမှာလဲ? မင်းအ​နေနဲ့ တစ်​ခြားလူ​တွေကို ငါ့pheromone အနံ့မရသွား​စေချင်​ဘူးဆိုရင်​, ငါက​​ရော ငါ့အယ်​လ်​ဖာရဲ့ pheromone အနံ့ကို တစ်​ခြားလူ​တွေကိုရသွား​စေချင်​တယ်​လို့ မင်းထင်​​နေတာလား? မင်းကဘယ်​သူလဲဆိုတာ ​သေ​သေချာချာစဉ်းစား, မင်းက ငါ့လူ,မင်းကို ငါပဲပိုင်​တယ်​,ဟုတ်​ပြီလား?"

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Donde viven las historias. Descúbrelo ahora