အခန်း(၄၅)/အခနျး(၄၅)

Start from the beginning
                                    

(T/n ​ရှောင်​ယဲ့က သူ့နာမည်​က သူ့လင်​​လေးပဲ ​ခေါ်ရမယ်​လို့​ပြောထားတာဆို​တော့ လျို့ဟန်​က သူအဲ့လို​ပြောထားတာမှတ်​မိသွားပြီး ​ယဲ့​ပေါင်​လို့​ခေါ်လိုက်​တာပါ😂😂 တရုတ်​မှာ ​ပေါင်​​ပေ့လား အသံထွက်​က အဲ့လိုထင်​တယ်​ ချစ်​စနိုးနဲ့ က​လေး​​လေးလို့​ခေါ်တာဆို​တော့)

လျို့ဟန်​ နာသွားတာကို ကြိတ်​မှိတ်​ခံလိုက်​ပြီး မြန်​မြန်​ ​ရှောင်​​ရှောင့်​​နောက်​သွားပုန်း​ရှောင်​လိုက်​သည်​။
(T/n လျို့ဟန်​ အိုမီဂါ= ​ရှောင်​​ရှောင်​)

"အဲ့ဒါဆို ဘာဖြစ်​မှာလဲ! ​'​ရှောင်​ယဲ့' အပြင်​ ငါမင်းကိုတစ်​ခြားဘယ်​လိုမျိုး​ခေါ်ရမှာလဲ? ငါမင်းကို ယဲ့​ကောလို့​တော့ မ​ခေါ်ချင်​ပါဘူး, ငါကသမာဓိရှိတဲ့အယ်​လ်​ဖာတစ်​​ယောက်​!
ငါ ဘယ်​​တော့မှ မင်းရဲ့ နိုင်​လိုမင်းထက်​ပြုတဲ့မဟားတရားအနိုင်​ကျင့်​တာကို လက်​ခံမှာမဟုတ်​ဘူး!"

ရှောင်​ယဲ့ လက်​သီးကိုကျစ်​ကျစ်​ဆုပ်​လိုက်​ပြီး,
"ငါ လူမရိုက်​တာ​တော်​​တော်​ကြာ​နေပြီ, အဲ့​တော့ တကယ်​လို့ ငါစိတ်​လွတ်​ပြီး မင်းကို ​သေ​အောင်​ရိုက်​မိရင်​, ငါ့ကို​ဗွေမယူပါနဲ့"

လျို့ဟန်​စိုးရိမ်​ထိတ်​လန့်​သွားပြီး, "အချစ်​​လေး, ကိုယ့်​ကိုကယ်​ပါဦး! ဝမ်​ကျို, ငါ့ကိုကယ်​ပါဦး!"

ဝမ်​ကျို ပြုံးကာ ​ရှောင်​ယဲ့လက်​​မောင်းကိုဆွဲယူလိုက်​သည်​။
"စီနီယာ, ယဲ့​ပေါင်​ဆိုတာ​လေးက အရမ်းချစ်​ဖို့​ကောင်းတယ်​လို့ ကျွန်​​တော်​ထင်​တယ်​။ ဘယ်​လို အဲ့နာမည်​ရသွားတာလဲ?"

ရှောင်​ယဲ့နှလုံးသား​လေးခမျာ လှုပ်​ရှားသွားရပြီး သိမ်​သိမ်​​မွေ့​မွေ့​ပြောလိုက်​သည်​,
"ဘာလို့လဲဆို​တော့ , ငါ့အ​ဖေငါ့ကို ​ပေါင်​​ပေ့လို့​ခေါ်တာကို ဒီ​ကောင်​ကြားသွားတာ​လေ။ ငါ့ရဲ့အခင်​ဆုံးသူငယ်​ချင်း​တွေကပဲ ငါ့ကိုအဲ့လို​ခေါ်တာ"

ဒီအရိပ်​အမြွက်​က အရမ်းကိုမှ သိသာလွန်းတယ်​။

ဒါ​ပေမဲ့ ဝမ်​ကျိုဆီက​တော့ နားလည်​သွားသည့်​ဟန်​ဖြင့်​ ရိုးရိုးရှင်ရှင်း 'အိုး' ဆိုတဲ့အသံတစ်​လုံးသာထွက်​လာသည်​။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now