အခန်း(၄၄)/အခနျး(၄၄)

Start from the beginning
                                    

သူဘာ​တွေ​တွေး​နေလဲဆိုတာကို ​ရှောင်​ယဲ့ တိတိကျကျကိုသ​ဘော​ပေါက်​တာ​ကြောင့်​ အလွယ်​တကူနားလည်​​အောင်​ကူညီရှင်းပြလိုက်​သည်​။

"သူက ​ကျွန်​​တော့်​ထက်​ငယ်​တယ်​ဆို​ပေမဲ့လည်း, သူက ကျွန်​​တော့်​အ​ပေါ်အရမ်း​ကောင်းတယ်​, ရင့်​ကျက်​ပြီး တည်​လည်းတည်​ငြိမ်​တယ်​, အဲ့တာမမှန်​ဘူးလား?"

"Mhm, အဲ့-အဲ့လို ​ပြောလို့ရပါတယ်​......."

"ကြည့်​ပါဦး, အရမ်းကိုမှနှိမ့်ချ​နေ​သေးတုန်းပဲ"
ရှောင်​ယဲ့ ဝမ်​ကျို့ရဲ့ပုခုံးကို ပုတ်​လိုက်​ပြီး သူ့အဘိုးတို့ကို​ပြောလိုက်​သည်​,
"အထဲဝင်​ပြီး ဒီ​လေတိုက်​​နေတဲ့​နေရာက​နေသွားရ​အောင်​"

သူတို့​တွေ အိမ်​ထဲဝင်​လိုက်​သည်​နှင့်​ *ဝုတ်​ ဝုတ်​* ဟူ​သော ​ဟောင်​သံတစ်​ချို့ကို ချက်​ချင်းကြားလိုက်​ရသည်​။ ကြီးမားလှသည့်​ golden retrieverကြီးက အိမ်​ထဲက​နေ အလျင်​အမြန်​​ပြေးထွက်​လို့လာသည်​။ ​နောက်​ဆုံး​တော့ သူ့သခင်​ရဲ့ရနံ့ကို ရလိုက်​သလိုမျိုး နားရွက်​​တွေက လှုပ်​ခါ​နေပြီး အမြီးကိုလည်းနှန့်​လို့​နေသည်​။ ​ရှောင်​ယဲ့ မြန်​မြန်​ပဲ သူ့လက်​ထဲကပစ္စည်း​တွေ ​အောက်​ချကာ ​ဆောင့်​​ကြောင့်​ထိုင်​ချလိုက်​ပြီး ​ခွေးအကြီးကြီးကို သူ့လက်​​မောင်း​တွေကြား အမိအရ ​ပွေ့ဖမ်းလိုက်​သည်​။

(T/n သနားစရာ ငါတို့ရဲ့လူ golden retriever ​လေး ဝမ်​ကျို T.T ငါးစိမ်းမြင်​ငါးကင်​ပစ်​သွားပြီ )

"​ခွေးရူး​လေး, မင်းငါ့ကိုလွမ်းရဲ့လား?"
ရှောင်​ယဲ့ ​ခွေး​လေးရဲ့​ခေါင်းကို အလိုလိုက်​သလို ပွတ်​သပ်​​ပေးလိုက်​ပြီး ​ခွေးရူး​လေးရဲ့ နူးညံ့​နေ​တဲ့ အ​မွှေး​တစ်​​လျှောက်​ကိုလည်း သူ့လက်​ဖြင့်​ ပွတ်​သပ်​​ပေးလိုက်​​သေးသည်​။ golden retriever​လေးက ချစ်​ဖို့​ကောင်းစွာ သူ့သခင်​ရဲ့လက်​ဖဝါး​တွေကို ပြန်​ပွတ်​သပ်​လိုက်​သည်​။ သူ့ရဲ့​တောက်​ပ​နေသည့်​အနက်​​ရောင်​မျက်​လုံး​တွေထဲ ချစ်​ခင်​တွယ်​တာမှုအပြည့်​ပင်​။

ဝမ်​ကျိုလည်း အဲ့မြင်​ကွင်းကိုမြင်​လိုက်​ရချိန်​မှာ​တော့ ​ဆောင့်​​ကြောင့်​ထိုင်​ချလိုက်​သည်​။
"သူက အရမ်းလိမ္မာတာပဲ"

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now