အခန်း(၃၂)/အခနျး(၃၂)

Start from the beginning
                                    

"​ရှောင်​ယဲ့"
နှေးတုံ့တုံ့မျက်​နှာထားနှင့်​အတူ ကျိုယဲ့က သူ့ရဲ့ လည်​အဟိုက်​ကို ထိုးပြလာသည်​။
"မင်းအဝတ်​အစား​တွေကို ​သေ​သေချာချာဝတ်​။ ရာသီဥတုက​အေးတယ်​, မဖျား​အောင်​ ဂရုစိုက်​"

အိမ်​ရဲ့ အဓိကအပူ​ပေးစက်​က ​​ကောင်း​ကောင်းလုံလုံ​လော​က်​​လောက်​​နွေးပါတယ်​။ ​ရှောင်​ယဲ့ သူ့​ခေါင်းကိုဆတ်​ခနဲ ငုံ့လိုက်​​ပြီး သူ့ညှပ်​ရိုး​အောက်​က အနီ​ရောင်​အမှတ်​ကို မမြင်​​သေးခင်​အထိ ​ရှောင်​ယဲ့ ​ခေါင်းရှုပ်​သွားသည်​။

ဒီတစ်​ကြိမ်​​တော့ သူ နည်းနည်းရှက်​သလို ခံစားရသည်​။

သူတို့နှစ်​​ယောက်​အိပ်​ယာ​ပေါ်မှလှဲပြီး အနားယူကြတဲ့မ​နေ့ညက ​ရှောင်​ယဲ့ ဖုန်းသုံးရင်း ကျိုယဲ့ရဲ့ social media page မှာ လှန်​​လှောရှာ​နေမိသည်​။ အတိတ်​ကဝမ်​ကျိုရဲ့ ဓာတ်​ပုံ​လေးများ ရှိမလားဆိုတာ ​ရှောင်​ယဲ့ သိချင်​တာ​ကြောင့်​ပင်​။ ​ခွေးရူး​လေးက ရုတ်​တရက်​ကြီး ​ဒေါသထွက်​သွားပြီး သူ့​ခေါင်းကို ​ရှောင်​ယဲ့လည်​ပင်းကြားမှာ မြှုပ်​ကာ ဖြည်းဖြည်း​လေး အ​ရှေ့နဲ့အ​နောက်တိုးကာ ပွတ်​သပ်​​​လေသည်​။ အကြိမ်​​တော်​​တော်​များအထိ သူ့နှုတ်​ခမ်းသား​တွေက ​ရှောင်​ယဲ့ရဲ့ဂလင်းကို ဖြတ်​ပွတ်​တိုက်​သွားသည်​။ အချို့အကြိမ်​​တွေဆို လျှက်​ပါလျှက်​သည့်​အထိပင်​။

ရှောင်​ယဲ့ ထပ်​ပြီး​တော့ မာ​တောင့်​လာ​​တော့မတတ်​ပင်​။ သူ ဝမ်​ကျို့ကို တားဖို့အတွက်​ ​ငုံ့​နေတဲ့ဝမ်​ကျို့ ​ခေါင်းကို တွန်းလိုက်​သည်​။ ဝမ်​ကျိုက နဂိုပုံစံကိုနာနာခံခံနဲ့ ပြန်​မလှဲခင်​မှာ အခွင့်​​ကောင်းယူကာ သူ့ညှပ်​ရိုး​အောက်​​ခြေကို အကြိတ်​အနယ်​စုပ်​​လေရဲ့။

ရလဒ်​အ​နေနဲ့က​တော့, ဒီလိုမျိုးသိသာထင်​ရှားတဲ့ အမှတ်​အသားကို သူချန်​ထားခဲ့တဲ့ပုံပဲ။

ရှောင်​ယဲ့ သူ့အင်္ကျီ​ကော်​လာကို စုပ်​ကိုင်​ကာပိတ်​လိုက်​သည်​။ သူ့နားရွက်​က နည်းနည်း​လေးနီရဲသွားပြီး ​ရှောင်​ယဲ့ တိုးတိုး​လေး ​ချောင်းဆိုးလိုက်​သည်​။
"သူက ​ခွေး​လေးလိုပဲ, အရမ်းစိတ်​ညစ်​ဖို့​ကောင်းတာပဲ"

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now