အခန်း(၃၁)/အခနျး(၃၁)

Start from the beginning
                                    

ဝမ်​ကျို ရုတ်​တရက်​ ရှက်​သွားရသည်​။
"​ကော, အဲ့လိုမျိုး​တွေ မ​ပြောပါနဲ့......."

ရှောင်​ယဲ့ မီးဖို​ချောင်​ထဲက​နေ​ ​နောက်​ဆုံးဟင်းပွဲကိုကိုင်​ကာ ထွက်​လာတဲ့အခါ ထိုစကား​တွေကိုကြားလိုက်​ရတာ​ကြောင့်​ သူဝင်​​ပြောလိုက်​သည်​။
"​ကော ဒီမှာ ရက်​နည်းနည်း​လောက်​​နေလို့ရပါတယ်​။ ပြဿနာမရှိပါဘူး။ "

ကျိန်း​သေတာက​တော့ ဒီစကား​တွေက သူ့အ​နေနဲ့ ယဉ်​ကျေးဟန်​​ပြောလိုက်ရုံ​လေးပဲဆို​ပေမဲ့ ကျိုယဲ့က​တော့ အဲ့တာကို မသိလိုက်​​ပေ။
"​ရှောင်​ယဲ့က​လေ အရမ်းကို စဉ်းစားတတ်​တဲ့လူပဲ။ လူကြီးလိုမျိုး ယဉ်​ယဉ်​​ကျေး​ကျေးစကားပဲ​ပြောတတ်​တဲ့ တကယ့်​ကို ​​ငါတို့မိသားစုရဲ့ ​ပေါ​ကြောင်​​လေး အားကျိုနဲ့ တူကိုမတူဘူး"

"​​ပေါ​ကြောင်​​ကြောင်​လူ​တွေက တကယ့်​ကို ​ပေါ​ကြောင်​​ကြောင်​နိုင်​တယ်​ဆို​ပေမဲ့ သူက​တော့ အရမ်းကို​တော်​တယ်​။ အဲ့ဒါ​ကြောင့်​ သူ ဖြား​ယောင်းခံရတာမျိုး မဖြစ်​နိုင်​ဘူး​လေ"

ကျိုယဲ့အ​နေနဲ့ ​ရှောင်​ယဲ့က ​ပေါ့​ပေါ့ပါးပါးနဲ့ လိုလိုလားလား, လွတ်​လွတ်​လပ်​လပ်​ ပြန်​ပက်​ခနဲ​ပြောလိုက်​တာကို ​တွေ့လိုက်​ရပြီး စိတ်​​သက်​သာသွားပြီး သ​ဘောထားကြီးစွာနဲ့ ရှက်​တယ်​လို့​တောင်​ ဘယ်​လိုမှမခံစား​ပေ။ ပြီး​တော့ သူတို့မှာ နဂိုကတည်းက ​တော်​စပ်​မှုရှိသလိုမျိုး​တောင်​ ပိုပြီး​တော့ခံစားရ​​သေး။
"​ရှောင်​ယဲ့, မင်းအသက်​ဘယ်​​လောက်​လဲ?"

"နှစ်​ဆယ့်​တစ်​"

"မင်း အားကျိုထက်​ပိုပြီး ရင့်​ကျက်​​နေတာကို မယုံနိုင်​စရာ​တောင်​မရှိဘူး! ငါက မင်းထက်​ ၃နှစ်​​လေးပဲပိုကြီးတာ​ပေါ့, အဲ့ဒါ​ကြောင့်​မို့ ဒီအတိုင်းပဲ ငါ့ကို မင်းရဲ့အကိုအရင်းလိုမျိုး သ​ဘောထားပါ, အဲ့လိုမျိုး ယဉ်​ယဉ်​​ကျေး​ကျေး​ပြောဖို့မလိုပါဘူး"

ဘေးမှာထိုင်​​နေတဲ့ ဝမ်​ကျိုက ရုတ်​တရက်​ကြီး သူ့ပါးစပ်​ကိုဖွင့်​ဟလာသည်​။
"ကျွန်​​တော်​လည်း ရှစ်​စွမ်းထက်​၂နှစ်​​လေးပဲငယ်​တာ။ ပြီး​တော့ ကျွန်​​တော်​က အဲ့​လောက်​ထိ မရင့်​ကျက်​တာလည်းမဟုတ်​ရပါ...."
ရှောင်​ယဲ့က သူ့ဆီကို ​လေးနက်​တဲ့အကြည့်​တစ်​ခုပစ်​လွှတ်​​နေတာကို ဝမ်​ကျို​တွေ့လိုက်​တာ​ကြောင့်​ သူစကား​ပြောတဲ့အချိန်​မှာ သူ့အသံက ပိုပြီး, ပိုပြီး တိုးတိုးသွား​လေရဲ့။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now