အခန်း(၂၅)/အခနျး(၂၅)

Start from the beginning
                                    

ဘယ်​လိုပဲဖြစ်​ဖြစ်​ ဒီအချိန်​မှာ​တော့ သူ့စိတ်​က​ဒေါသနဲ့ပြည့်​နှက်​​နေတာ​ကြောင့်​ ​ရှောင်​ယဲ့က​တော့ သူ့ကိုယ်​မှာဖြစ်​​နေတဲ့ မူမမှန်​တာ​တွေကိုအာရုံစိုက်​ဖို့စိတ်​မဝင်​စားဘူး။

ကျိုး​ရွေးကို​ဒေါသထွက်​တယ်​ , ဝမ်​ကျို့ကိုလည်း​ဒေါသထွက်​​နေတယ်​ဆို​ပေမဲ့ အကုန်​လုံးထဲမှာ ​သူ့ကိုယ်​သူ​ဒေါသအထွက်​ဆုံးပဲ။

သူ့မှာ သူ့အပိုင်​အယ်​လ်​ဖာကိုပိုပြီးအင်​အားကြီးသန်​မာ​အောင်​ လုပ်​ဖို့အရည်​အချင်းမရှိတဲ့အပြင်​ တစ်​ခြား​ကောင်​နဲ့လိုက်​ပြီး သူ့မှာ​လည်း​ဒေါသထွက်​လိုက်​​သေးတယ်​။ မိန်းမပျက်​လိုပဲ, ​ရှောင်​ယဲ့ သူ့ကိုယ်​သူသာထုရိုက်​ပလိုက်​ချင်​​တော့တယ်​။

သူသိသိသာသာ ဝမ်​ကျို့ကိုအများကြီးဂရုစိုက်​​ပေးတယ်​​လေ။ ပြီး​တော့ ​ရှောင်​ယဲ့အ​နေနဲ့ ဝမ်​ကျိုက သူ့ကိုယ်​သူသိမ်​ငယ်​​စေတဲ့အရာမျိုး​ပြောတာကို ကြား​နေရတာ စိတ်​​ပေါက်​တယ်​။ အဲ့ဒါ​ကြောင့်​ သူ စိတ်​​သောက​ရောက်​ပြီး​ဒေါသထွက်​သွားတာ။ ခဏတာမျှ သူ့စိတ်​ခံစားချက်​​တွေကိုသူထိန်းချုပ်​လိုက်​နိုင်​တယ်​ဆို​ပေမဲ့ ​ဒေါသထွက်​သွားတဲ့အခိုက်​ အဲ့လိုမျိုးနာကျင်​စရာ​ကောင်းတဲ့ စကား​တွေကို​ပြောထွက်​မိသွားတယ်​။

ရှောင်​ယဲ့ ဝမ်​ကျို့ကိုသန်​မာလာဖို့ ဘယ်​လိုမှတကယ်​တမ်းမ​မျှော်​လင့်​ပါဘူး။ ဒါ​ပေမဲ့ သူ့ရဲ့အယ်​လ်ဖာဖြစ်​ဖို့​ ​ရှောင်​ယဲ့ ဝမ်​ကျို့ကို သတ္တိ​တွေယုံကြည်​ချက်​​တွေ ​ပေးချင်​တယ်​။ ပြီး​တော့ သူ့ကိုယ်​သူ လက်​​အောက်​ငယ်​သားလို့အမြဲတမ်း ​တွေးမ​နေ​စေချင်​ဘူး။

သူ့​စိတ်​​ဒေါသကမ​ကောင်းဘူးဆိုတာ, ပြီး​တော့ သူကမညင်​သာ,မနူးညံ့​တာ​ကြောင့်​ သူ့ကိုတစ်​ခြားအိုမီဂါ​တွေလိုမျိုး သတ်​မှတ်​လို့မရဘူးဆိုတာ ​သူလည်းသိပါတယ်​။ သို့​ပေမဲ့ သူက အရမ်းကိုမှသိသာပြီးစိတ်​အားထက်​သန်​​နေတာကို ဘာ​ကြောင့်​ ဝမ်​ကျိုက သူ့အယ်​လ်​ဖာဖြစ်​ဖို့လုံ​​လောက်​တဲ့ ယုံကြည်​ချက်​ မရှိ​သေးတာလဲ? သူ့ချစ်​ခြင်း​မေတ္တာနဲ့ပတ်​သတ်​ပြီး သူ့ကိုလုံလုံ​လောက်​​လောက်​ ဘွင်းဘွင်းရှင်းရှင်းမ​ပြောပြလို့လား? ​ရှောင်​ယဲ့ ဝမ်​ကျို့ကို သူ့ကိုနမ်းဖို့, သူ့ကီုဖက်​ဖို့ ခွင့်​ပြီးပြီ။ ပြီး​တော့ သူ့ပါးစပ်​ဖွင့်​ပြီး​တောင်းဆိုလိုက်​တာနဲ့ သူလိုချင်​တဲ့ဘာမဆို သူ့ကို​ပေးမှာပါ။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now