Final Unicode

2K 130 16
                                    

Off 💛
         အခန်း 202/3C က ကင်ဆာရောဂါသည်လူနာကတော့တနေကုန်ထိုင်လျက် မှတ်စုစာအုပ်လေးထဲ သိပ်ကိုမြတ်နိုးရပါတယ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကိုပြောပြချင်သမျှစကားများအားရေးနေလေတော့သည်။

"Papi ရဲ့ကလေးလေး မနက်ဖြန်တိုင်းမှာပျော်ရွှင်...."

ရေးနေတဲ့စာသားလေးကအဆုံးမသတ်သေးခင်မှာဘဲ

"ဖောက် ....." စာအုပ်ပေါ်သို့ နှာခေါင်းသွေးလျှံကာပေကျံသွားလေတော့သည်။ စားပွဲပေါ်ရှိ တစ်ရှူးကိုထုတ်ကာ သုတ်လိုက်ကာ မျက်ရည်များကျလျက်။

"ကိုတကယ်ထွက်သွားရတော့မယ်ကလေးရေ။ကိုတော့မင်းကိုသိပ်လွမ်းနေရတော့မှာဘဲ။သိပ်ချစ်ဖို့ကောင်းတဲ့မင်းရဲ့အမူအရာလေး၊ပါးဖောင်းဖောင်းလေးပေါ်ကမင်းရဲ့ပါးချိုင့်လေး၊မင်းရဲ့နှုတ်ခမ်း ထူယောင်ယောင်လေး၊ကိုသိပ်ကိုမြတ်နိုးရတဲ့ ကိုယ့်ရဲ့ Gun လေး....."

"အဟွတ် ..... အဟွတ် ....."

ခေါင်းဆိုးနေသည့်အပြင်နှာခေါင်းသွေးများလျှံလျက်‌ဦးနှောက်ကအကြိတ်ကြောင့်ခေါင်းကိုအတက်းဖိကိုင်ကာကြမ်းပြင်ပေါ်ကိုဘဲ Off တစ်ယောက်

"ဘုန်း......" ခနဲလဲကျသွားလေတော့သည်။

_________________

Gun 💛

       Gunတစ်‌ယောက်ကတော့ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်ကာ ဖွဲဖွဲလေးရွာနေတဲ့မိုးစက်ကလေးများအားအဖော်ပြုရင်းစကားပြောနေလိုက်တော့သည်။

"အဲဒီမိုးရေထဲမှာဘဲ သူနဲ့စတွေ့ခဲ့တယ်.......
အဲမိုးရေထဲမှာဘဲ သူနဲ့ချစ်ခဲ့ကြတယ်......
အဲမိုရေးထဲမှာဘဲ သူကိုယ့်ကိုနှင်ထုတ်ခဲ့တယ်......."

"ဘာမှမဆိုင်တော့တာတောင် သူ့အကြောင်းတွေတွေးလိုက်တိုင်း ဘယ်ဖက်ရင်ဖတ်က အောင့်အောင့်လာနေသေးတာမျိုး"

ပြတင်းပေါက်ကမှတ်ချပ်လေးအားကိုင်လျက်

"ကျွန်တော်ကလေ အကို့ကို မခွဲဘူးလို့ကတိပေးခဲ့တာဖောက်ဖျက်ဖို့အတွက်မဟုတ်သလိုအကို့ကိုချစ်ခဲ့တယ်ဆိုတာကလည်း စွန့်လွှတ်ဖို့မဟုတ်ဘူး။"

"တကယ်လို့သာ အကို နဲ့ ကျွန်တော်ရဲ့တွေ့ဆုံမှုကဇာတ်လမ်းတစ်ပုဒ်သာဖြစ်မယ်ဆိုရင် ဇာတ်သိမ်းမှာ အကို့လက်ကိုဆွဲပြီးအဝေးထွက်ပြေးလိုက်ချင်တယ် "

Fall In Love With You ( U+Z )Where stories live. Discover now