Chapter 12

1.5K 150 5
                                    

I don't know why I fall in love with you ( MewGulf / OffGun fanfic ) Chapter 12❣️
"တိမ်တွေနေတဲ့အရပ်ဆီကို နင်နဲ့ငါ
လေတွေတိုက်တုန်း သွားမယ်ကွာ ဖက်ထားပါ
တုန်ရီနေတဲ့ငါ့လက်ကလေး နင်ကိုင်ထားပါ
ရင်ခုန်လွန်းလို့ပါ 🎵 "

___________________________________

Gulf 💛

"ဟို မုန့်ဆိုင်ကိုမရောက်သေးဘူးလားဟင်"

ကျွန်တော့်အမေးကို P'Mew က
ဘာမှပြန်မဖြေဘဲ ကားကိုဘဲဂရုစိုက်‌ပြီးမောင်းလျက်
ခဏကြာတော့

"မုန့်၀ယ်ကျွေးမယ်လို့ ဘယ်သူပြောလဲ"

လူယုတ်မာအပြုံးကြီးနဲ့လာပြုံးပြနေတော့သည်။

"ဟင်အဲဆိုဘယ်သွားမှာလဲ
ကျွန်တော့်ကိုဘာလုပ်မှာလဲ
မလိုက်ဖူးနော် အခုချပေး အော်လိုက်မှာ"

အဲလူကြီး ဘာလုပ်မှာလဲမသိဘူး။
ကျွန်တော့့်အခုရင်တွေအရမ်းတုန်နေပါပြီ။

"အော်လိုက်လေ အော်လိုက် ဘယ်သူမှမကြားဘူး"

ဟင် ကျွန်တော်စိတ်တွေ ထိန်းလို့မရတော့ဘူး။
အရင်တုန်ကစိတ်တိုတတ်တဲ့ကျွန်တော်က
ဒီလူကြီးကိုစိတ်မတိုဘဲ ငိုဘဲငိုချင်နေတော့သည်။

မျက်ရည်များချက်ချင်းဆိုသလို ဝဲတက်လာတဲ့
Gulf ကို Mew က မျက်စောင်းလေးဖြင့်
မသိမသာလေးခိုးကြည့်လိုက်သည်။

"ဘာဖြစ်နေတာလဲ
မင်းမနေ့ကငါ့ကို့မတွေ့ရလို့
စိတ်မကောင်းဖြစ်နေတာ
မဟုတ်ဘူးလား အမှန်တိုင်းပြော"

သူ့ကိုသူဘာဖြစ်လို့ဖြစ်နေမှန်းမသိတဲ့
သူကိုမှ Mew က ခြိမ်းခြောက်ပြီး
မေးနေသလိုဖြစ်နေတော့ Gulf တစ်ယောက်သည်
ကားပေါ်ကဘဲခုန်ဆင်းရမလိုလို
အော်ဘဲငိုရမလိုလိုနဲ့ မျက်နှာကြီးစူပုတ်လျက်။

"အော် မနေ့ကမတွေ့ရလို့
စိတ်ဆိုးနေတာဘဲ ဟုတ်တယ်မလား"

"အင်း"

"ဘာလို့ စိတ်ဆိုးတာလဲ"

Gulf ကိုမကြည့်ဘဲ လမ်းကိုသာကြည့်ကာ
မေးခွန်းကိုမေးလျက် ကားမောင်နေသည်။

"မလာလို့ပါဆို"

ငိုသံမဲ့မဲ့ကြီးနဲ့ဖြေလိုက်တော့
Mew က တခစ်ခစ်နဲ့ရယ်နေတော့သည်။

Fall In Love With You ( U+Z )Where stories live. Discover now