Chpter1

4.4K 210 8
                                    

         တစ်ချက်တစ်ချက်တိုက်ခတ်လာသောလေနု  အေး လေးများသည် ကျောင်းရဲ့ကွင်းပြင်ကြီးကိုကျော်လွှားဖြတ်သန်းကာ စာသင်ခန်းများရှိရာဖက်သို့ခရီးနှင်နေကြသည်။

Off 💙

ကျောင်းဆင်းခါနီးအချိန်လေး
အတန်းရှိကျောင်းသားများက
ရုတ်ရုတ်သဲသဲနှင့်ဆူညံလျက်။
သီချင်းနားထောင်တဲ့သူကနားထောင်
စကားများတဲ့သူကများ ဆော့တဲ့သူကဆော့နဲ့
တစ်ခန်းလုံးဆူညံလျက်။

"ငါ့ခုံအောက်ထဲဘယ်သူ
ချော့ကလက်ထည့်သွားတာလဲ"

အရပ်ရှည်ရှည် အသာဖြူဖြူ
တရုတ်ကဗျားကောင်လေးတစ်ယောက် က
စာရေးခုံအပေါ်၌တက်ထိုင်ရင်း
ချော့ကလက်အုပ်အားလက်မြှောင့်ကာ
ကိုင်ပြီး‌မေးလိုက်သည်။

တစ်ခန်းလုံး၁၅စက္ကန့်လောက် ငြိမ်သက်သွားပြီး

ပုံမှန်အတိုင်းဆက်ပြီးဆူညံနေကြသည်။

"ရော့ တစ်ယောက်တစ်ခုယူစားကြ"

Off က အတန်းဖော်သူငယ်ချင်းများအား
လိုက်ဝေပေးလိုက်သည်။ အတန်းဖော်များအတွက်တော့ဒါဟာသာမန်ပြုရိုးပြုစဉ်တစ်ခုဖြစ်တဲ့အတွက်သိပ်မအံ့ဩတော့ပေ။

Off က အလယ်တန်းကစအထက်တန်း တက္ကသိုလ်ကျောင်းတွေသူကြားမှာပါရေပန်းစားလှသည်။

အခုသူကျွေးတဲ့ချော့ကလက်ကလည်း
ဒီနေ့အတွင်းစားနေရတာ လေးခါမြောက်ဖြစ်နေပြီ။

ကျောင်းဆင်းချိန်

"ဝေါ" ခနဲ ရုတ်တရက်ရွာချလာသောမိုးကြောင့်
ဘေးနားရှိနီးစပ်ရာထီးအထဲ၀င်ခိုလိုက်မိသည်။

Off တစ်ယောက်ထီးပိုင်ရှင်အားသတိမထားမိဘဲ
မိုးကို‌ဘဲမော်ကြည့်ကာ ခေါင်းရေခါလိုက်သည်။

သတိရလာပြီးဘေးကိုကြည့်လိုက်တော့
ပုပုသေးသေးကောင်လေးတစ်ယောက်
ဆံပင်အရှေ့တိလေးနှင့်နှုတ်ခမ်းသား
ထူယောင်ယောင်လေး ။
မိုးကာအရှည်ကြီးကို၀တ်ထားသည့်အပြင်
ထီးပါထပ်ဆောင်းထားသည်။

အဲကောင်လေးက မိုးလာခိုတဲ့ Off အားစိုက်ကြည့်ကာ

"ရော့ အကိုထီးယူသွားလိုက်။
ကျွန်တော်မိုးကာရှိတယ် ဒီအတိုင်းသွားလိုက်မယ်"

Fall In Love With You ( U+Z )Where stories live. Discover now