Chapter 24

1.3K 137 0
                                    

"အီး ဟီး....."

ငိုနေပေမယ့် ကူကယ်မယ့်သူကမရှိ။
Off က Gun ရဲ့ အနောက်က ဂုတ်လေးကိုနမ်းလိုက်တော့ တစ်ချက်တစ်ချက် တွန့်တွန့်သွားသည်။

"တောင်း ..ပန်ပါတယ်
ကျွန်တော့်ကို လွှတ်ပေးပါတော့နော်"

တောင်းပန်လျက်အော်‌ငိုနေတော့သည်။
ရုန်းရင်းကန်ရင်းဖြင့် ။

အသက်ရှူသံတို့က တဖြေ‌းဖြေးပြင်းထန်လာပြီး
ရုန်းကန်နေတဲ့ ကောင်ငယ်လေးလည်း
ငြိမ်ကျသွားပါတော့သည်။

"Gun ..."

တိုးတိုးလေးခေါ်လိုက်တော့
ဘာမှမတုံ့ပြန်။

"Gun ...."

Off က ထထိုင်လိုက်ပြီး
Gun ကိုဆွဲမကာ ကြည့်လိုက်တော့
မျက်လုံးစုံမှိတ်လျက် အသက်ကိုလုရှူနေရတဲ့
ကောင်လေး က မျက်ရည်တို့ကျလျက်။

ကြိုးကိုဖြည်ပေးလိုက်တော့
သူ့လက်နုနုလေးတို့ဖြင့်
ရင်ခွင်အား ရှိသမျှအားအကုန်သုံးပြီး
ခပ်ဖွဖွလေး ထုလိုက်ကာ မျက်ရည်တို့ကကျလျက်။

Off တစ်ယောက်ကတော့ ထူပူလျက်။
ဆေးရုံကားကိုသာ အမြန်ခေါ်လိုက်တော့သည်။

×××××××××××××××

"ကိုကို ကော်ဖီသောက်မလား"

Gulf က မေးတော့ အလုပ်ကိုသာဆက်လုပ်ရင်း

"အင်း" ဟုသာတစ်ခွန်းတည်းဖြေလိုက်သည်။

"အဲဆိုကလေးသွားဖျော်လိုက်မယ်နော်"

ဟုဆိုကာ ထွက်သွားလေသည်။

Gulf ထွက်သွားပြီးမကြာမီ
တံခါးကိုမခေါက်ဘဲ ဒေါက်ဖိနပ်အသံ
တဒေါက်ဒေါက်ဖြင့် အမျိုးသမီးတစ်ဦး၀င်လာသည်။

ရေမွှေးအနံက sexy ကျလွန်းသည်။

"ဘာလို့ငါ့အခန်းထဲ၀င်တာ တံခါးမခေါက်တာလဲ"

Mew ကခေါင်းမဖော်ဘဲ Laptop ၌စာရိုက်လျက်
၀င်လာသောသူအား ၀န်ထမ်းထင်ပြီးဆူ‌လိုက်သည်။

"ခေါင်းလေးမော့ပါဦး"

ဟုဆိုကာ Mew ရဲ့ မေးကိုကိုင်လျက်
မျက်နှာကိုမော့စေသည်။

"ဟင် July " အာမေဍိတ်အသံဖြင့် ခေါ်လိုက်ပြီး

"ဘယ်တုန်းကရောက်တာလဲ"

Fall In Love With You ( U+Z )Where stories live. Discover now