Chapter 33

1.2K 127 3
                                    

ပြောင်းလဲတိုင်းမပြောင်းလဲနဲ့
ဘယ်တော့မှမင်းမမုန်းနဲ့အချစ်ရယ်
မင်းနဲ့တို့ဝေးများဝေးရင်
သေချာတယ် ကိုယ့်အသက်တိုလိမ့်မယ်
ချစ်သူလေးရယ် ကိုယ့်အသဲကိုရက်ရက်စက်စက်
ခွဲမသွားနဲ့ ခွဲမသွားပါနဲ့......💔🎶

_______________________________________

Papi အခုတစ်လော Gun ကိုရှောင်နေတယ်။
Gun အပေါ်အရင်လိုမဟုတ်ဘူးဆိုတာ Gunသိပါတယ်။Papi သဘောမကျတာလေးတွေရှိရင်‌ ကျေးဇူးပြုပြီး Gun ကိုပြောပြပါနော်။ Gun တတ်နိုင်သလောက်ပြင်ပေးပါ့မယ်။

Gun တစ်ယောက်ရေချိုးခန်းရဲ့ နံ‌ရံလေးကိုမှီကာ
ရေပန်းမှရေများရဲ့ စီးဆင်းမှုတို့နှင့်အတူ မျက်ရည်များကိုမျှောချလိုက်ကာ တိုးတိုးလေး တိတ်တိတ်လေး ရေရွတ်ပြီး ခိုးငိုနေလေတော့သည်။

Papi Gun ကိုမထားခဲ့ပါနဲ့။
ဘယ်ဖက်ရင်ဖတ်တွေအရမ်းအောင့်လို့ပါ။

"အဟွတ် .... အဟွတ်...."

ချောင်းဆိုးလိုက်တော့ လည်ချောင်းကအတော်လေးနာနေလေသည်။

အခန်းထဲမှမြည်လာသော ဖုန်းringtone ကြောင့်
အပြေးအလွားလေးသွားကာ အလျင်စလိုလေးကိုင်လိုက်မိသည်။

"ဟယ်လို...papi"

"အင်း ...."

"ဒီညနေ တွေ့မယ် ရလား"

"ဟုတ်ကဲ့ ရပါတယ်...
Papi ဟိုလေ....."

Gun စကားမဆုံးခင်မှာဘဲ Off က ဖုန်းချသွားလေသည်။တစ်ကိုယ်လုံးတုန်ရီနေသည့်အပြင် ၀မ်းနည်းမှုလှိုင်းတို့က ရင်ဖတ်တခုလုံးအားရိုက်ခတ်နေပြန်သည်။

ကုတင်ခြေရင်းလေးမှာရေစိုအ၀တ်လေးနဲ့ ကုတင်အားမှီလျက်ကြမ်းပြင်တွင်ထိုင်ချလိုက်ကာ ဘယ်ဖက်ရင်ဖတ်အား အတင်း ဖိကပ်ထားလေတော့သည်။

"Gun ရင်ဖတ်တွေအောင့်တယ် Papi ရယ်။
Gun ကိုတစ်ချက်လောက်ဖြစ်ဖြစ်
အဆင်ပြေရဲ့လားလို့မေးပေးပါနော်။"

တချက်တချက်ရှိုက်ကာ ငိုနေသည့် Gun
မျက်လုံးတို့ကနီရဲလျက်။

_____________________________________

"မောနီး P'Mew"

တံခါးမခေါက်ဘဲ နောက်ကျမှ၀င်လာတဲ့ကောင်လေးက
မောနီးဟုနှုတ်ဆက်စကားဆိုပြီးသူ့နေရာသူ၀င်ထိုင်လိုက်သည်။

Fall In Love With You ( U+Z )Where stories live. Discover now