Chapter 11

1.5K 164 3
                                    

"တနေ့မတွေ့လို့မဖြစ်တဲ့ငါပါ
အသံကြားမှအိပ်လို့ပျော်တာ
ဒါအကျင့်လိုဖြစ်လာတဲ့အခါ
မင်းကိုချစ်တာအားနည်းချက်လား 🎵"

"မင်းရဲ့အပြုံးတွေဘဲ
ခဏခဏတွေ့ချင်နေတယ်။
မင်းရဲ့စိတ်ဆိုးနေဒေါသကြီးနေတဲ့
မျက်နှာလေးကိုမြတ်နိုးနေမိတယ်။ "

_______________________________________

Mew 💛

မနေ့က သူ့ဆီ‌မရောက်ခဲ့ဘူး။
အမေနဲ့စကားပြောဖို့ညီမလေးကို
ကျောင်းပို့ပြီးအမြန်ပြန်ခဲ့ရတယ်။
ဒီနေ့တော့အတိုးချပြီးလွမ်းနေခဲ့သမျှ
သူ့မျက်နှာလေးကိုကြည့်ပြီး
ဖြေလျှော့ရတာပေါ့။

ကျွန်တော် Eco Major အဆောင်ရှေ့ရောက်တော့
ခါတိုင်းလိုခုံလေးမှာထိုင်နေကျကောင်လေးကရှိမနေ။

"ဟင် ဘယ်ရောက်သွားတာလဲ"

ကားကိုရပ်လိုက်ကာ
အောက်ဆင်းလိုက်ပြီး
သူ့ကိုလိုက်ရှာရန်ပြင်လုပ်သည်။

အဆောင်ရှေ့ကလမ်းလေးအတိုင်း
လျှောက်လာပြီး သူ့ကိုရှာလိုက်တော့
ကျွန်တော့်အရှေ့ခပ်လှမ်းလှမ်းမှာ
ကားကား ကားကား နဲ့ လမ်းလျှောက်နေတဲ့
နှလုံးသားထဲခိုးခိုး၀င်နေတတ်တဲ့
ကောင်လေးကိုတွေ့လိုက်ရပါတယ်။

"ဘဲပေါက် ခဏနေဦး"

ကျွန်တော်ခေါ်လိုက်တော့
သူကရပ်လိုက်ပြီးကျွန်တော့်ဖက်ကို
မျက်နှာလှည့်လိုက်ကာ မျက်ခုံးတွန့်လိုက်ပြီး

"ဘာလာလုပ်တာလဲ"

ဟု ဒေါသထွက်နေတဲ့အသံကြီးနဲ့ပြောလိုက်ပြီး
ခြေ‌ဆောင့်ကာထွက်သွားလိုက်တော့
သူ့လက်ကို အမှီဖမ်းဆွဲလိုက်သည်။
သူ‌ဘာကြောင့်စိတ်ဆိုးနေမှန်းကျွန်တော်မသိဘူး။

"ဘာဖြစ်နေတာလဲ ဘဲပေါက်"

"ဘာဖြစ်နေလို့လဲ ကျွန်တော်က"

"မင်းဘာလို့ဒေါသထွက်နေတာလဲ"

"ဘယ်သူကဒေါသထွက်နေလို့လဲ
ဘာလို့လာစွတ်စွဲနေတာလဲ"

ဟောဗျာကျွန်တော်က
သူဘာဖြစ်နေမှန်းသိချင်လို့မေးမိတာကို
သူ့ကိုစွတ်စွဲတယ်တဲ့ ဗျာ။

Fall In Love With You ( U+Z )Where stories live. Discover now