Chapter 38

1.5K 130 2
                                    


Gun 💛

ဆေးရုံကဆင်းပြီးကတည်းက
Papi ကိုဘဲသတိရနေမိတဲ့ကျွန်တော်ပါ။

အခန်းအပြင်က၀န်ရံတာလေးကနေ
ဟိုးကောင်း‌ကင်ပေါ်ကနေမင်းရဲ့အရောင်ပြန်မှုနဲ့
လင်းလက်နေတဲ့လမင်းကြီးကိုမော်ကြည့်ရင်း
တစ်ချိန်ကသောင်ပြင်ပေါ်မှာနှစ်ယောက်သား
ငြင်းခုန်ခဲ့တဲ့အချိန်လေးကိုလွမ်းနေမိပြန်တယ်။

"နေမင်းရဲ့အလင်းပြန်မှုကြောင့်လမင်းကြီးကထိန်ထိန်သာလို့။ ဒီက လမင်းကြီးကတော့ Papi ဆိုတဲ့နေမင်းကြီးရဲ့ဖယ်ခွာသွားလို့ လကွယ်ညကြီးတွေကိုတစ်ယောက်တည်းအဖော်မဲ့ဖြတ်ကျော်ရင်းနဲ့ပေါ့"

"ကြယ်လေးတွေကိုဆက်လိုက်ပြီး ကိုသဘောကျနေတဲ့သူရဲ့နာမည်လေးကိုကောင်‌းကင်မှာရေးချလိုက်ရင်သဘောကျနေတဲ့သူကပြန်ချစ်လာသတဲ့လေ။"

ပါပီပြောဖူးသလို အခုတော့အချစ်မခံရတဲ့ ကျွန်တော်က Papi နာမည်လေးကိုရေးချနေမိတယ်‌။

သိပ်မကြာပါဘူး ကျွန်တော့်မျက်ရည်တို့နဲ့အပြိုင်တိမ်စိုင်တို့ကလည်းငိုပွဲဆင်လျက်။

လျက်ပန်းနွယ်တို့က အသဲတစိမ့်စိမ့်နဲ့ ထိန့်လန့်စရာ။
အဖော်မဲ့နေတဲ့ကျွန်တော့်အတွက်ကတော့ ထိန်လန့်စရာလျက်စီးကလည်းအဖော်လိုဖြစ်နေပြန်တော့တယ်။

"သိပ်ချစ်မိလို့ပါ Papi "

_________________________________________

Off 💛

သိပ်ချစ်ရတဲ့မင်းနဲ့ခွဲခွာရဖို့အချိန်သိပ်မကျန်တော့ဘူး။
သိပ်မြတ်နိုင်းရတဲ့နှုတ်ခမ်းဖူးဖူးလေးကိုမနမ်းရတာဘယ်လောက်ကြာပြီလဲ။လက်ချိုးရေလို့တောင်မရတော့ဘူး။ချစ်ရာကောင်းဖို့အလှဆင်နေတဲ့ကို့ကလေးရဲ့ပါးချိုင့်လေးတို့နားခိုရာပါးမိုမို့လေး မနမ်းရတာကြာပြီလေ။

"Gun လေး ဘယ်လောက်တောင်မှပင်ပန်းလိုက်မလဲ"

ကုတင်ပေါ်တွင်လှဲကာသက်ပြင်းတို့အားခဏခဏချလျက်။ညနေက မိသားစုရှေ့နေနဲ့လက်မှတ်ထိုးပြီးသုံးလမတိုင်ခင်လေးအိမ်နှစ်ဆောင်ကိုGulfနာမည်နဲ့လွှဲပေးခဲ့မိတယ်။

အိပ်နေရာမှ ငေါက်ခနဲထထိုင်လိုက်ကာ‌ကားသော့ကိုယူပြီးသိပ်ချစ်ရတဲ့ပါးချိုင့်ခွက်ခွက်လေးနဲ့ကောင်လေးဆီသိုသိုသိပ်သိပ်လေးလှမ်းလာမိတော့သည်။

Fall In Love With You ( U+Z )Where stories live. Discover now