Chapter 5

1.7K 165 2
                                    

"မြင်မြင်ချင်းအချစ်"

မြင်မြင်ချင်းအချစ်ဆိုတာယုံလား?

လူတစ်ယောက်ကိုချစ်ဖို့
အကြည့်တစ်ခုဘဲလိုတယ်တဲ့လား?

ကျွန်တော်ကတော့မြင်မြင်ချင်းအချစ်ကိုယုံတယ်။
ခင်ဗျားကိုချစ်ခဲ့တာ အဲအမြင်တွေကြောင့်လေ။

______________________________________

Gun 🖤

"နောက်ကျလိုက်တာ Gun ရယ်"

Pineare ရဲ့ စကားကိုမကြား
ပစ္စည်းများချကာ မောဟိုက်နေသော
Gun တစ်ယောက် အိတ်ထဲက
ရေဗူးအားထုတ်ကာ တစ်ကျိုက်တည်း
မော့သောက်လိုက်သည်။

"ဘာဖြစ်လာတာလဲ Gun"

သူငယ်ချင်းဖြစ်သူကထပ်မေးလိုက်တော့မှ
Gun က ဘာမှမပြောဘဲ ပါးချိုင့်ပေါ်အောင်
ပြုံးလိုက်ကာ ရှက်ကိုးရှက်ကန်းဖြစ်နေသည်။

Pineare တစ်ယောက်သိချင်ဇောတိုးလာကာ

"ပြောပြလေဟယ် နင်အကျင့်မကောင်းဘူးတစ်ယောက်တည်းရယ်နေတယ်"

သူငယ်ချင်းဖြစ်သူက အတင်းမေး‌နေတော့

"နင့်ကိုငါပြောဖူးတယ်လေ
ငါ့ crush လို့ "

"အင်း"

Pineare တစ်ယောက်ပြုံးလျက်
ခေါင်းတငြိမ့်ငြိမ့်နဲ့ ။

"ငါသူနဲ့တွေ့ခဲ့တယ်"

"ဟယ် ဟုတ်လား ဘယ်မှာလဲ ပြဦး
ငါသိချင်နေတာ နင်အလယ်တန်းကတည်းက
အဲတစ်ယောက်ကိုအရမ်းဖြစ်နေတာ အခုထိဘဲ။
တော်တော်ချောလား"

Gun ထက်တောင်ပိုပျော်နေတဲ့
Pineare တစ်ယောက် Gun ရဲ့လက်ကိုကိုင်ကာ
ပြဖို့အတင်းတောင်းဆိုနေလေသည်။

"သူက ငါ့ကိုမှတ်မိနေတယ်ဟ
ငါကမသိဘူးလို့ငြင်းလိုက်တယ်"

"ဟယ် နင်အရူးဘဲ။ သိတယ်ဘာညာ
ထီးငှားဖူးတယ် ဆိုပြီးပြောပြလိုက်လေဟယ်"

သူငယ်ချင်းက အားမရစွာနဲ့
Gun အားဆူလိုက်သည်။

"သူငါ့ကိုအထင်သေးသွားမှာပေါ့"

နှုတ်ခမ်းလေးစူကာ မေးထောက်လိုက်ပြီး
အဝေးကိုငေးလျက် Gun ကပြောလိုက်တော့

Fall In Love With You ( U+Z )Where stories live. Discover now