Chapter 8

1.6K 158 6
                                    

"သူနဲ့တွေ့လိုက်ရင်ပျော်တယ်။
ခြေလှမ်းတွေကသူ့ဆီအလိုလိုရောက်သွားတယ်။
သူနဲ့စကားတွေပြောနေရင်ကျေနပ်နေတယ်။
သူ့ရဲ့အမူအရာတိုင်းကိုငေးကြည့်နေချင်တယ်။
မျက်ရည်လဲ့လဲ့လေးနဲ့သူ့မျက်‌လုံးလေးတွေရဲ့
အဓိပ္ပာယ်ကိုနက်နက်ရှိုင်းရှိုင်းလေး‌သိချင်မိတယ်။
ခေါင်းလေးကိုပုတ်မယ် မင်းရဲ့ပါးချိုင့်လေးတွေနဲ့
အပြုံးအောက်မှာရှင်သန်မယ်။"
____________________________________
Off 💛

အခန်းထဲရှိ ကုတင်အလွတ် နှစ်လုံးပေါ်တွင်
ကောင်လေးနှစ်ယောက်က တစ်ယောက်တစ်နေရာစီ
နေရာယူကြပြီး အနားယူနေကြသည်။

"Gulf"

ကုတင်ခေါင်းရင်းကိုမှီကာ
ညာဖက်လက်ကိုခေါင်းအုံးလျက်
ဘေးရှိသူငယ်ချင်းအားခေါ်လိုက်သည်။

"အင်း"

တစ်လုံးတည်းဖြေကာ
ဂိမ်းကိုသဲကြီးမဲကြီးဆော့နေသည်။

"ငါ မင်းနဲ့အပြိုင်လိုက်နေတဲ့ကောင်မလေးကိုလေ
ဆက်မလိုက်ချင်တော့ဘူး"

ခါတိုင်းနဲ့မတူ လေသံတွေပါပြောင်းလို့
စကားပြောနေတဲ့ Off ။

"ဘာလို့လဲ"

ရိုးရိုးလေးမေးလိုက်တော့

"ငါမချစ်လို့ပေါ့ကွာ"

"အရင်ကလိုက်ခဲ့သမျှကောင်မလေးတွေရော
မင်းချစ်ခဲ့လို့လား"

Off ကိုမကြည့်ဘဲ ဂိမ်းကိုသာဆော့လျက်
မေးနေသော Gulf တစ်ယောက်။

"အင်း မချစ်ပါဘူး ဒါပေမယ့်
အခုဟာက ငါစိတ်တွေလေးနေတယ်"

"ဘာလေးတာလဲ"

"ငါအဲလိုကြီးတွေဆက်မလုပ်ချင်တော့ဘူး"

"ဘာကြောင့်လဲ"

"ငါမသိဘူး Gulf"

စကားပြောရင်းအားမလိုအားမရဖြစ်ကာ
ထထိုင်လိုက်ပြီး ခေါင်းအုံးကိုဖက်လိုက်သည်။

"ကဲ ပီးပီ နိုင်သွားပြီ"

ဟုဆိုကာ Gulf က ဆော့လက်စဂိမ်းကို
ရပ်လိုက်သည်။

"မလိုက်တော့ဘဲနေရအောင်လား"

"ဘာလို့လဲ မင်းပုံစံကြည့်ရတာ
တစ်ခုခုဖြစ်နေသလိုဘဲ"

Fall In Love With You ( U+Z )Where stories live. Discover now