"မောနီး ကိုကို"
အခန်းတံခါးကိုပိတ်ကာ
အိတ်တစ်လုံးလွယ်လျက်၀င်လာသောဘဲပေါက်လေးက အခန်းထဲရှိ CEO အာနှုတ်ဆက်လျက်။Mew တစ်ယောက် လက်ကနာရီကိုငုံကြည့်ကာ
Gulf အား နာရီကိုလက်ညှိုးဖြင့်ထိုးပြလိုက်သည်။Gulf တစ်ယောက်ကတော့မေးငေါ့လျက်
"ဘာလဲ" ဆိုပြီးနေဟန်လုပ်ပြကာ
သူ့နေရာတွင်၀င်ထိုင်လိုက်သည်။"ဘာ မောနီးလဲ နာရီလည်းကြည့်ဦး"
အလုပ်ရှင်ကဆူလိုက်တော့ လက်ထောက်ဖြစ်သူမှာ
အလုပ်ရှင်၏စားပွဲနားသို့လျှောက်လာပြီး
ခုံကိုဆွဲလှည့်လိုက်ကာပေါင်ပေါ်တွင်ထိုင်လိုက်သည်။ထို့နောက် Mew ရဲ့ ယောက်ျားပီသလှတဲ့
သွေးကြောစိမ်းလေးများဖြင့်အလှဆင်ထားသော
လက်ကို ဆွဲယူကာ မိမိခါးအားဖက်စေသည်။"ဘဲပေါက်တို့ကတော့ ချွဲပြီ"
ဟုဆိုလိုက်တော့
"ကလေးက ချွဲတာမဟုတ်ပါဘူးနော်
ကိုကို့ကိုလွမ်းနေလို့"ထိုင်လျက်လေးအနောက်ကိုလှည့်လှည့်ကြည့်ပြီး
အသဲယားအောင်ပြောနေတော့သည်။"ဘာလိုချင်နေတာလဲ"
"လိုချင်တာတော့ ကိုကို့ကိုဘဲ
ဘယ်လိုလုပ်ရမလဲဟင်""ဟော ဒီကလေး ချွဲနေလိုက်တာကွာ"
ပါးလေးကို တရွှတ်ရွှတ်နမ်းပြီး
Mew ကပြောလိုက်တော့"ကလေးက မချွဲရသေးပါဘူးနော်။
စိတ်ထဲရှိတာလေးကို ပြောပြရုံဘဲရှိတာ"နှုတ်ခမ်းလေးစူပြီး Mew ရဲ့လက်ကို
ကိုင်ကာပြောနေတော့ သည်။"ဒီကလေးကိုအပြစ်ပေးရဦးမယ်
အလုပ်ကိုအမြဲနောက်ကျမှလာတယ်""ဟင် ကလေးက CEO ကတော်လေ
အပြစ်ပေးလို့မရဘူး"ဟုဆိုကာ စားပွဲပေါ်ရှိ Laptop ကို
ဘေးသို့ဖယ်လိုက်ပြီး Gulf က တက်ထိုင်လိုက်ကာ
Mew ရဲ့ ပခုံးလေးအပေါ်လက်တင်ထားလိုက်သည်။Mew ကတော့ ခါးလေးကိုဖက်လျက်။
"CEO ကတော်ဆိုရင်အပြစ်မပေးရတော့ဘူးပေါ့"