Chapter 17

1.5K 146 0
                                    


"မတည်မြဲခြင်းနိယာမတွေအကြား
တည်မြဲခြင်း သစ္စာတရားတွေနဲ့
တစ်ယောက်ပေါ်တစ်ယောက်
နားလည်မှုဆိုတဲ့ သံယောဇဉ်နှောင်ကြိုးတို့ဖြင့်
ရစ်ပတ်ထားသူတို့မှာ
ရာသီစက်၀န်းများရွေ့လျားဖောက်ပြန်နေပေမယ့်
ခိုင်မြဲသောအချစ်တို့ဖြင့်
အချစ်အိမ်ကလေးကိုတည်ဆောက်လျက်"

အဖေဖြစ်သူဆုံးပြီးကတည်းက
ညီမလေး Pineare လည်း
UKမှာကျောင်းသွားတက်နေခဲ့တယ်။

Mew ကတော့စီးပွားရေးလုပ်ငန်းများနဲ့အချိန်ကုန်လိုက် အသစ်စက်စက်ခန့်ထားတဲ့ စွာတေးလန်
Secretary နဲ့အချိန်ကုန်လိုက်နဲ့ပေါ့။

တနေ့‌တနေ့ ဒီအကောင်ပေါက်လေးနဲ့လည်း
စိတ်တွေချမ်းသာရပါတယ်။ပင်ပန်းလာပြီဆို
သူ့စားပွဲလေးဖက်မျက်နှာမူလိုက်တာနဲ့
စိတ်ညစ်စရာတွေက အလိုလိုပျောက်။

အသံအလုံပိတ်အခန်းထဲမှာ ကုမ္ပဏီရဲ့ CEO နဲ့
လက်ထောက် တို့ကတော့ ရန်ဖြစ်လိုက်
ဆဲလိုက်ဆိုလိုက်နဲ့ မနက်ခင်းတိုင်းက
မင်္ဂလာရှိနေတော့သည်။

"မောနင်း ကိုကို"

နောက်ကျမှရုံးခန်းထဲ၀င်လာပြီး
မောနင်းလာလုပ်နေတဲ့ Gulf ကို
မျက်စောင်းနဲ့တစ်ချက်ကြည့်လိုက်တော့
ဘာကြည့်တာလဲဆိုတဲ့အထာမျိုးနဲ့
မျက်စောင်းပြန်ထိုးကာသူ့စားပွဲ၌
အကျအနနေရာယူကာထိုင်နေတော့သည်။

"နောက်ကျပြန်ပြီ"

Mew က Laptop တွင်စာရိုက်လျက်ပြောလိုက်တော့

"ညကနောက်ကျမှအိပ်ရတာကို"

ငြူစူစူအသံနဲ့ပြောလိုက်တော့

"ညကမအိပ်ဘဲဘာလုပ်နေတာလဲ"

"ဂိမ်းဆော့နေလို့လေ"

CEO ဖြစ်တဲ့ Mew အား
မိမိလက်ထောက်ကပြန်အော်လိုက်သည်။
ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီးလက်ထောက်ကို
ကြောက်နေရတယ်လို့။

"အင်းပါ ဟုတ်ပါပြီ
ကိုကိုကစိတ်ပူလို့မေးကြည့်တာပါ"

ထိုင်ရာမှထလာပြီး ‌Gulf ရဲ့ခေါင်းလေးကို
ပွတ်သတ်ကာပြောလိုက်တော့

"စိတ်ပူရင် ဘာလို့လေသံမာမာနဲ့လာပြောနေတာလဲ"

လေသံကမာတောင်မမာ‌ရသေးဘဲ
လေသံမာတယ်လို့အပြောခံလိုက်ရတော့
Mew တစ်ယောက်မျက်လုံးပင်ပြူးသွားသည်။

Fall In Love With You ( U+Z )Where stories live. Discover now