Chapter 44

2.2K 112 2
                                    

          အပြင်မှာတော့  မိုးဖွဲဖွဲလေး ရွာနေတုန်း။
တညလုံးမအိပ်ရသေးတဲ့ Off ကတော့ ကုတင်ပေါ်တွင်တုန်းလုံးလေးလှည်းကာ အနားယူလျက်။

         နာရီကြည့်လိုက်တော့ မနက် ၁၀နာရီပင်ရှိနေပြီ။
"ဟူး...." ‌သက်ပြင်းချကာလေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး "အချိန်မရှိတော့ဘူးဘဲ..." တစ်ချက်တွေးကာအိပ်ရာ‌ပေါ်တွင်လှဲရင်းပြတင်းပေါက်ကနေအပြင်ကိုငေးကြည့်နေလိုက်တော့သည်။

"မင်းလည်းကို့ကြောင့်နာကျင်နေရတာများနေပြီ"

တိုးတိုးလေးညည်းညူလိုက်တော့ အကြောင်းပြချက်မရှိဘဲ မျက်ရည်တို့ကျဆင်းလာမှုကြောင့်ခေါင်းအုံးလေးက စိလို့။

တံခါးဖွင့်သံကြောင့် မျက်ရည်တို့အား တိတ်စေလိုက်ကာ လှည့်ကြည့်လိုက်တော့ ကုန်းကုန်းကွကွနှင့်အခန်းထဲ၀င်လာသည့် Gulf ရဲ့အမူအရာတို့မှာ ရယ်ချင်စရာပင်ကောင်းလှသည်။

"ဘယ်ကပြန်လာတာလဲ..."

Off က Gulf အားလှမ်းမေးတော့  မေးငေါ့လျက်

"P'Mew ဆီကပြန်လာတာ ညက အလုပ်လုပ်နေလို့ပြန်မအိပ်တာ"

ခြေလှမ်းကျဲကျဲ လျှောက်ပြီး ခါးကိုကုန်းသလိုလို ကွသလိုလို နဲ့ လုပ်နေတော့ Off က သဘောပေါက်သွားကာ

"အစားခံလိုက်ရပြီဘဲ ..."

"ဘောဘဲ Off ချီးစားလိုက်"

လက်ထဲပါလာသော အနွေးထည်ဖြင့်ကောက်ပေါက်လိုက်တော့သည်။

"အဲဆို မင်းဖင်ကဘာလို့ နာနေတာလဲ"

Fall In Love With You ( U+Z )Where stories live. Discover now