Chapter 47

1.5K 114 1
                                    

                     Off ကိုဆေးရုံမှာသွားညဖက်စောင့်ပေးပြီး မနက် ၉နာရီ‌လောက် Gulf တစ်ယောက်အိမ်ပြန်ရောက်တော့ ကုတင်ပေါ်တွင် ခြေပစ်လက်ပစ်လှဲလိုက်ပြီး တစ်ရေးတစ်မောအိပ်ရန်ပြင်လိုက်တော့

Ph Ringtone 🎵🎶

"Hello ...."

"Hello P'Gulf "

"အင်း Pineare ပြော "

"P'Mew မမှတ်မိတဲ့ လချုပ်ကိစ္စလေ အဲတာညီမနဲ့ဘဲလုပ်လိုက်ရအောင် နော် P'Gulf "

"အင်း အကိုကရပါတယ် ....
ဒါပေမယ့် အထည်ချုပ်စက်ရုံက ဒီလအတွင်းအမြတ်စားရင်းနဲ့ မန်နေဂျာလက်မှတ်ထိုးထားတဲ့ သွင်းကုန်စရင်းတွေက ဟိုတနေ့ P'Mew ဆီအလုပ်လာလုပ်ရင်း အခန်းထဲမှာကျန်ခဲ့တယ် အဲတာယူရဦးမယ် "

"ရတယ်အကို ...ညီမလည်းအခုအပြင်ရောက်နေလို့။ညနေ၄နာရီအကို အိမ်လာခဲ့ပါလား ညီမတို့အိမ်မှာဘဲလချုပ်တွေစစ်ရအောင် ရတယ်မလား အကို"

"အင်းရပါတယ် ....."

_________________________________________

Mew 🖤

"မင်းဘာလာလုပ်တာလဲ July "

ရေချိုးခန်းအတွင်းမှ ထွက်လာတဲ့ Mew တစ်ယောက်အပေါ်ပိုင်းဗလာကျင်းနဲ့ အောက်က သပတ်ကို ပတ်လျက် အခန်းထဲခွင့်မတောင်းဘဲ၀င်လာတဲ့ July အားတအံ့တဩ မေးလိုက်တော့သည်။

Mew ရဲ့စကားကိုလစ်လျှူရှုပြီး အရှေ့ကိုတိုးကာ

"အကိုနဲ့ ညီမက အိမ်ကလူ‌ကြီးတွေစေ့စပ်ပေးထားတာလေ "

ဟုဆိုကာ Mewရဲ့ရေစိုနေတဲ့ပါးလေးအားလက်ချောင်းများနှင့်ပွတ်သတ်လိုက်ကာ ချွဲချွဲပျစ်ပျစ်နဲ့ ဆိုလိုက်တော့သည်။

Fall In Love With You ( U+Z )Where stories live. Discover now