Chapter 10

1.5K 161 0
                                    

"အဝေးကနေချစ်မယ်။
မျှော်လင့်ချက်တွေမထားဘူး။
သူပျော်နေတာလေးမြင်ရုံလေးနဲ့
ကျေနပ်နေမယ်။သိပ်ချစ်တာကိုတော့
မင်းနှလုံသားလေးကသိပါစေလေ။"

__________________________________________

Gun 💛

နေပြန်ကောင်းလို့ကျောင်းပြန်တက်တဲ့နေ့။
အကို့ကို‌မတွေ့အောင်ရှောင်မယ်။
အကိုနဲ့ခပ်ဝေးဝေးမှာနေမယ်။
အဝေးကနေအကို့အပြုံးလေးတွေကိုခိုခိုးကြည့်မယ်။

Gunတစ်ယောက်ကတော့ခါတိုင်းနေ့လိုပါဘဲ။
ပန်းရောင်‌ထီးလေးနဲ့
ကျောပိုးအိတ်လေးကိုလွယ်လျက်။
ပြေးပြေးလွှားလွှားလေးပေါ့။

အဆောင်ရှေ့တွင်Off ကိုတွေ့မှာစိုးသဖြင့်
အရှိန်လျှော့လိုက်ကာ ဟို‌ကြည့်ဒီကြည့်နဲ့။

"ဟိတ် မင်းနေကောင်းပြီလား"

ရုတ်တရက်အနောက်ကနေ
ကျောပိုးအိတ်ကိုရိုက်ကာမေးလိုက်သဖြင့်
Gun တစ်ယောက်လန့်သွားကာ
ညာဖက်လက်နဲ့ ဘယ်ဖက်ရင်ဖတ်ကိုဖိလျက်

"လန့်လိုက်တာဗျာ"

"အော် sorry နော်"

ဟုဆိုကာ ခါတိုင်းလိုဘဲ Offက
ခေါင်းလေးကိုပုတ်လိုက်တော့

"ခေါင်းကိုမထိနဲ့ ကျွန်တော်မကြိုက်ဘူး"

Off ရဲ့မျက်နှာကိုစေ့စေ့စပ်စပ်ကြည့်လိုက်ပြီး
မျက်စောင်းတစ်ချက်ထိုးကာ ဘေးဖက်သို့
အကြည့်လွှဲလိုက်သော Gun ကြောင့်

"တောင်းပန်ပါတယ်နော် အကိုကစလိုက်တာပါ"

မျက်နှာငယ်လေးနဲ့တောင်းပန်လိုက်သည်။
မျက်လုံးထဲမှာတော့မျက်ရည်များဝဲတက်လျက်။

"ဟုတ်ကဲ့ ရပါတယ်ဗျ။
အကိုနဲ့ကျွန်တော်ကသိတာလည်းမဟုတ်ဘူးလေ။
မေးထူးခေါ်ပြောလောက်ဆိုရင်ရပါပြီ။
ကျွန်တော်အကိုနဲ့မရင်းနှီးချင်ဘူး။
နောက်ပြီးကျွန်တော်ကသူစိမ်းတွေနဲ့
သိပ်လည်းအရောမ၀င်ချင်ဘူးဗျ။"

Gun တစ်ယောက်စကားကိုအကုန်ပြောပစ်လိုက်ပြီး
Off ကိုနောက်ကျောခိုင်းကာပြေးထွက်လာမိသည်။

"အကိုသိလား ဒါကကျွန်တော့်ကိုယ်ကျွန်တော်
စည်းမကျော်မိအောင်သတိပေးထားတဲ့
မထင်မရှားမှေးမှန်လှတဲ့စည်း‌လေးတစ်ခုပါဘဲ။
အကို့ကိုချစ်မိလိုက်ပြီးကတည်းက
ကျွန်တော်တစ်ယောက်လည်း ဘယ်ဖက်ရင်ဖတ်တွေခဏခဏအောင့်ရပါတယ်ဗျာ။ "

Fall In Love With You ( U+Z )Tempat cerita menjadi hidup. Temukan sekarang