Chapter 16

1.5K 160 0
                                    

Off တစ်ယောက်
ဒီနေ့ကျောင်းစောစောသွားကာ
Gun ရဲ့ထီး‌တစ်ချောင်းကိုလက်တွင်ကိုင်လျက်။
Gun ရဲ့အလာကိုစောင့်နေလိုက်သည်။

"ဂျပုအထင်လွဲနေတာတွေအကုန်ရှင်းပြမယ်။
ပြီးရင်ဂျပုစိတ်ဆိုးပြေအောင်ချော့မယ်။
ဂျပုစိတ်ချမ်းသာအောင်ဘဲထားမယ်။
ဂျပုစိတ်ပြေသွားပြီဆိုမှ propose လုပ်မယ်။"

ဟောပြောရင်းဆိုရင်း အကောင်ပေါက်လေးက
သုတ်သုတ်သုတ်သုတ်နဲ့ပြေးလာပါပြီ။

ကျွန်တော့်အနားရောက်တော့
ခေါင်းလေးငုံ့ကာမသိချင်ယောင်ဆောင်ပြီး
ပြေးသွားပေမယ့် သူ့လက်နုနုလေးတွေကိုတော့
အမှီဆွဲလိုက်နိုင်ခဲ့တယ်။

"ခဏလေး Gun ကို ပြော..."

စကားပင်မဆုံးသေး

"အော် ထီးပေးမလို့လား
ကျေးဇူးဘဲနော်"

ဟုဆိုကာ ထီးကိုလုပြီးပြေးထွက်သွားတော့သည်။

"ခဏ....."

သူကျွန်တော့်ကိုအမြဲရှောင်နေတယ်။

‌မေဂျာရဲ့ပထမနှစ်အဆောင်ရှေ့မှာ
တတိယနှစ်က Moon တစ်ယောက်ကတော့
အသဲတွေ ဟက်တက်ကွဲ လျက်ပေါ့။

"သူပြန်လာမယ့်အချိန်ထိ
ဒီနားလေးမှာထိုင်ပြီးစောင့်မယ်။"

ကိုယ့်ဖာသာကိုယ်ရေရွတ်လိုက်ပြီး
ထိုင်စောင့်နေလိုက်တော့သည်။

Break time ရောက်တော့
ထင်တဲ့အတိုင်း ဂျပုလေးက ထွက်လာပါပြီ။

"Gun"

သူနဲ့မျက်နှာချင်းဆိုင်ရပ်ကာ ခေါ်လိုက်တော့
အရယ်အပြုံးမရှိဘဲ ကျွန်တော့်မျက်လုံးများကိုဘဲ
စိုက်ကြည့်နေတော့သည်။

"အကို မင်းနဲ့စကားခဏပြောလို့ရမလား"

ကျွန်တော့်စကားလည်းကြားတော့
Gun ကခေါင်းကိုခါလျက်

"အဲတာဆို ညီမ ဟိုနားသွားလိုက်ဦးမယ်နော်"

ရှောင်ထွက်သွားသောသူငယ်ချင်းလက်ကို
လှမ်းဆွဲလိုက်ပေမယ့် မမှီလိုက်ပေ။

"အကို နဲ့ ခဏလောက်ဘဲစကားပြောပေးလို့ရမလား"

ကျွန်တော်တောင်းဆိုနေပေမယ့်
ကောင်ငယ်လေးကတော့ တုတ်တုတ်မျှမလှုပ်။

Fall In Love With You ( U+Z )Dove le storie prendono vita. Scoprilo ora