Chapter 27

1.2K 124 0
                                    


"Gun ဒါဘာလဲ"

အမေဖြစ်သူက အလန့်တကြားဖုန်းကိုကိုင်ပြီး
Gun အခန်းထဲ၀င်လာကာသူမရဲ့ဖုန်းကို
Gun လက်ထဲ ထိုးအပ်လိုက်သည်။

ဖုန်း screen ပေါ်မှ မိမိ နဲ့ Off ရဲ့ပုံ။

Photo Model မဖြစ်ခင်ကတည်းက
Moon ဖြစ်နေလို့ နာမည်ကြီးနေတဲ့ Off

Relationship ကို မနေ့တနေ့က
publicမှာချပြတော့
လေးနှစ်တောင်ပြည့်တော့မယ်တဲ့လား။

အမေက Gun ရဲ့မျက်နှာကိုစေ့စေ့ကြည့်ကာ

"အဲကောင်လေးနဲ့ အကြောင်း
ဘာလို့ အမေ့ကိုမပြောတာလဲ"

အမေ့ရဲ့မေးခွန်းကိုဖြေဖို့အတွက်
အဖြေကမရှိသေး။

ကုတင်ခြေရင်းတွင်သားမိနှစ်ယောက်ထိုင်လိုက်ပြီး

"သားက မေမေ့ စကားကို
တစ်ခါမှ မငြင်းခဲ့ဖူးဘူး
ဟုတ်တယ်မလား"

သားရဲ့လက်ကိုဆုပ်ကိုင်ကာ
အမေက မေးရှာသည်။

"သား အမေ့ကိုပြောမလို့ပါဘဲ
မတိုက်ဆိုင်သေးလို့ပါ "

"သားရဲ့ဖြစ်တည်မှုတိုင်းကို
မေမေလက်ခံနိုင်ပါတယ်။
ဒါပေမယ့် ဒါမျိုးကိုတော့
မေမေအားမပေးဘူးသားရယ်"

ငယ်ငယ်ကတည်းက မိဘစကား
တစ်ခွန်းမှမငြင်းဖူးသော ဒီကလေး။
အခုတော့ သိပ်ချစ်တဲ့သူနဲ့မိဘကြား
လွန်ဆွဲနေပါပြီ။

"လူတိုင်းသိကုန်ပြီလေ အမေ
လူသိပြီးသား relationship တစ်ခုကို
သား လွယ်လွယ်နဲ့....."

"တော်ပြီသား မပြောနဲ့တော့
သားနားလည်မယ်ထင်ပါတယ်။
သားက လိမ္မာတယ်ဆိုတာ ‌အမေသိဆုံး"

အမေ့ စကားကိုဘာမှ ပြန်မဖြေ
ခေါင်းလေးသာငြိမ့်လျက်။

"အင်း လိမ္မာတယ် ။
အဲကောင်လေးနဲ့အဆက်သွယ်မလုပ်နဲ့တော့နော်"

"ဟုတ်ကဲ့"

မျက်နှာပျက်ကာ စိတ်တွေညစ်နေပေမယ့်
အမေစိတ်ချမ်းသာဖို့ အတတ်နိုင်ဆုံးပြုံးထားလျက်။

သားရဲ့ ခေါင်းလေးကို ခပ်ဖွဖွလေးနမ်းလိုက်တော့
ရင်ခွင်ထဲတိုး၀င်ကာ အမေ့ခါးလေးကိုဖက်လိုက်ပြီး
သိုသိုသိပ်သိပ်လေး ခိုးငိုနေမိတဲ့ Gun လေး။

Fall In Love With You ( U+Z )Where stories live. Discover now