Chapter 13

1.5K 152 0
                                    

Gun💛

ကန်းတင်း၌ သူငယ်ချင်းနှစ်ယောက်
စကားများပွစိပွစိပြောရင်း
ရယ်မောနေကြသည်။

"ငါအအေးသွား၀ယ်လိုက်ဦးမယ်
နင်နေခဲ့"

"‌အင်းအင်း မြန်မြန်လာခဲ့နော်"

Gun တစ်ယောက်ပစ္စည်းများထားခဲ့ကာ
အအေး၀ယ်ဖို့လွယ်အိတ်နဲ့အတူထွက်သွားခဲ့သည်။

"စတော်ဘယ်ရီတစ်ခွက် သံပုရာတစ်ခွက်"

သူငယ်ချင်းဖြစ်သူအတွက် သံပုရာရည်နှင့်
ဘာ၀ယ်၀ယ်ပန်းရောင်ဘဲ၀ယ်တတ်တဲ့
မိမိအတွက်တော့စတော်ဘယ်ရီတစ်ခွက်
မှာလိုက်သည်။

××××××××

Off 💛

"ချစ်နေမိတာမှားနေလည်းလေ
မပြင်တော့ဘူးချစ်သူ...
နာကျင်စရာသူပြောတဲ့စကားတွေ
မနားနိုင်အောင်ကိုချစ်မိနေတော့...🎵"

Gun ထွက်သွားတော့

"ညီမ ဒီမှာထိုင်မယ်နော်"

Off တစ်ယောက်ခွင့်တောင်းကာ၀င်ထိုင်လိုက်သည်။

"ဟုတ်ကဲ့ P'Off ထိုင်ပါ။
Gun ဆီလာတာလား "

Pineare ရဲ့အမေးကို
ခေါင်းလေးငြိမ့်ကာဖြေလိုက်သည်။

"သူ အကို့ကို ရှောင်နေတယ် ညီမ
ဘာဖြစ်လို့လည်းမသိဘူး "

လက်တစ်ဖက်ကိုကျန်လက်တစ်ဖက်နဲ့ပွတ်ရင်း
စိတ်ပူနေသလိုပုံစံမျိုးနဲ့ပြောလိုက်တော့
အရှေ့မှာရှိနေတဲ့ Pineare ပင်
စိတ်ထဲမကောင်းဖြစ်သွားမိသည်။

"သူကဘာလို့ရှောင်တာလဲ"

အားမလိုအားမရမေးလိုက်တော့

"အကို့နဲ့ မခင်ချင်ဘူးတဲ့လေ။
သူစိမ်းနဲ့လည်းအပေါင်းအသင်းမလုပ်ချင်ဘူးတဲ့"

"သူအရင်ကအဲလိုမဟုတ်ပါဘူး"

"အင်း အကိုလည်းထင်ပါတယ်"

Ph ringtone 🎵🎶

"ဟယ်လို Gun"

__________________________________

Gun💛

လက်ထဲမှာအအေးနှစ်ခွက်ကိုကိုင်ကာ
ခုနကထိုင်နေတဲ့ ဝိုင်းကိုလာတော့
ကျွန်တော်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
ဝေးဝေးကိုရှောင်ထွက်ဖို့စိတ်ကူးမိသည်။

Fall In Love With You ( U+Z )Where stories live. Discover now