Chapter 45

1.8K 111 9
                                    

မချစ်တော့ဘူးလို့ပြောတဲ့စကားမှာ
အချစ်တွေပါသေးတယ် လမ်းခွဲဖို့အတွက်
နှုတ်ဆက်လည်း အကြည့်မှမလွှဲနိုင်ဘဲ
မုန်းလိုက်ပါတော့ကွယ် တကယ်ကိုမကောင်းတဲ့
ငါ့အတွက် ဘာကြောင့်ငိုကြွေးမလဲ......🎵🎶

Gun 💛

ကျွန်တော်တကယ်ကို Papi အရှေ့မှာ ဒူးတွေညွန့်ခွေမသွားအောင် ခံကိုကြိတ်ပြီးထိန်းနေခဲ့ရတာပါ။

မငို‌မိအောင် သိုသို‌သိပ်သိပ်နေနေရတာ ဒီလူပင်ပန်းလှပါပြီး။ Papi ပြောသလို အဝေးကိုဘဲပြေးထွက်သွားလိုက်ချင်တယ်။

"Papi ဘာလို့မချစ်တော့တာလဲဟင်"

သူ့ဆီကထွက်လာတဲ့အဖြေကိုခံနိုင်ဖို့အင်အားမရှိပေမယ့်လည်း အားတင်းရင်း မေးနေမိပြန်ပါတယ်။

"ငါချစ်ရတဲ့သူကိုတွေ့နေပြီ...
ငါချစ်တာမင်းမဟုတ်ဘူး
ဘယ်လိုရှင်းပြမှနားလည်မှာလဲ စိတ်ပျက်တယ်"

"ကျွန်တော့်ကိုအပျော်တွဲခဲ့တာလား"

မဟုတ်ဘူးလို့ငြင်‌းပေးပါ‌ Papi ....

"အင်း ....ငါဘယ်သူ့ကိုအတည်တွဲဖူးလို့လဲ"

ဟုတ်ပါတယ် ကျွန်တော်သိပါတယ်...
ကျွန်တော် အရမ်းမျှော်လင့်ထားမိ‌ပြန်တယ်။

*Gun တစ်ယောက်ကတော့ ငိုယိုလျက်။
မျက်ရည်များလည်းမထိန်းနိုင်တော့ပါဘူး။

Off ရဲ့ လက်မောင်းများအား ဆွဲထားသောလက်ကလေးကို လွှတ်ချကာ ရှိုက်လျက်လေး တိုးတိုးလေးညည်းလိုက်တယ်။

"P' ကို ကျွန်တော်အရမ်းမုန်းတယ်"

မမုန်းနိုင်ပါဘူး Papi ရယ်။

"ခင်ဗျားနှင်ထုတ်စရာမလိုဘူး ....
ကျွန်တော်ထွက်သွားမယ် "

Gun ကိုဆွဲထားပါဦး Papi ...
Gun ခြေလှမ်းတွေ Papi ဆီကိုဘဲလှမ်းနေမိလို့ပါ။

ကျွန်တော့်စကားတွေကို Papi က ပြုံးပြုံးလေးနဲ့ဘဲနားထောင်ပြီး ဘာဆိုဘာမှမတုံ့ပြန်ခဲ့ဘူး ဗျာ။

ရင်ဖတ်တခုလုံး စုတ်ပြတ်သက်ပြီး နာကျင်တယ်ဆိုတာ ဒီလိုမျိုးကိုခေါ်တာနေမှာပေါ့။

"P' ...မိုးရွာတော့မယ် "

*Gun အရှေ့မှာတင် May က Off လက်မောင်းလေးကိုလှမ်းဆွဲကာ ထီးမိုးပေးပြီး ကားထဲ၀င်ရန်ခေါ်နေတော့သည်။

Fall In Love With You ( U+Z )Where stories live. Discover now