Chapter 6

1.6K 157 2
                                    

"သုံးပွင့်ဆိုင်"

သုံးပွင့်ဆိုင် တဲ့ အခေါ်အဝေါ်လေးက။
ပန်းနဲ့တောင်တင်စားလိုက်သေးတယ်။

အဓိပ္ပာယ်ကတော့ချိုမြမှုမရှိ။
အချစ်မခံရဖို့ကံပါလာတဲ့သူက
‌နောက်ဆုတ်ပေးကြေး။

အချစ်ခံရတဲ့သူကတော့
သုံးပွင့်ဆိုင်မှာ ဂုဏ်ယူရတဲ့သူပေါ့။

_______________________________________

‌"ခွေးကောင် Off "

Gulf ရဲ့နူးညံ့သိမ်မွေ့စွာခေါ်လိုက်သောအသံကြောင့်

"ချီးဘဲ ဘာလဲ"

"ဒီနေ့ မင်းနဲ့ငါ ဘတ်၅၀၀၀နော်"

သတိပေးသလိုလို အနိုင်ယူတော့မယ့်သူလိုလို
ပြောလိုက်တဲ့ Gulf စကားကြောင့်

"အေးဆေးဘဲ မင်း၅ထောင်ရှာထားလိုက်တော့"

အင်္ကျီလက်အားခေါက်ကာ
မျက်ခုံးပင့်ပြလိုက်သော Off ကြောင့်
Gulf တစ်ယောက်လျှာထုတ်ပြကာ
မခံချင်အောင်စလိုက်သည်။

___________________________________

Off 💛

အနုပညာ မေဂျာရဲ့ ပထမနှစ်အဆောင်ရှေ့မှာရပ်လျက်
ဉာဏ်နီဉာဏ်နက်များထုတ်နေသူမှာ Off.

"ဘယ်သူ့ကိုသွားမေးရမလဲ
သူ့မှာရည်းစားရှိမရှိ။
ကာယကံရှင်ကိုပေါ်တင်ကြီးသွားမေးရင်လည်း
ပါးကအရိုက်ချရဦးမယ်"

ပွစိပွစိရေရွတ်ကာ ပါးနှစ်ဖက်အား
လက်နှင့်ပွတ်သတ်လိုက်သည်။

ရုတ်တရက်မြင်လိုက်ရသော မြင်ကွင်းကြောင့်
Off ရဲ့မျှော်လင့်ချက်များအလင်းရောင်ပင်
ထွက်လာတော့သည်။

Off ရဲ့မြင်ကွင်းတွင်
သုတ်သုတ်သုတ်သုတ်နဲ့
ခုန်ဆွခုန်ဆွပြေးလာသော
ကောင်လေးတစ်ယောက်။

လွယ်အိတ်တစ်လုံးလွယ်ကာ
အရှေ့ချထားသောဆံပင်များ‌
လေထဲဝဲသွားအောင်ထိခါယမ်းကာ
ပြေးလာနေတဲ့ကောင်ငယ်လေး။

လက်၌ထီးကိုချိတ်လျက်မြင်မကောင်းအောင်
ဗရုတ်သုတ်ခနိုင်နေပေမယ့် ချစ်စဖွယ်အမူအရာတို့နဲ့
ပျာရည်ဆမ်းထားသောအသံတို့က
သာယာနာပျော်ဖွယ်ရှိလှသည်။

Fall In Love With You ( U+Z )Where stories live. Discover now