Chapter 46

1.6K 112 3
                                    

"မမ ကျွန်တော့်ကိုလည်းမပြောဘူး"

အမေဖြစ်သူရဲ့တူမကို Line ကနေ စိတ်ကောက်လျက်လှမ်းရစ်နေသော Gulf.

"တရားရုံးမှာဘဲနှစ်ဦးသဘောတူလက်ထပ်လိုက်တာ အဲတာကြောင့်နင့်ကိုမပြောမိတာပါဟယ်"

ဆယ်နှစ်ကြီးဆယ်နှစ်ငယ် ၀မ်းကွဲမောင်နှမနှစ်ယောက်

Gulf မူလတန်းကတည်းက အမဖြစ်သူက Gulf အမေရဲ့ထောက်ပံ့မှုနဲ့တရုတ်မှာကျောင်းတက်ရင်းအလုပ်လုပ်ခဲ့တယ်။

မိဘမဲ့ဖြစ်တဲ့ Gulf ရဲ့ ၀မ်းကွဲအမ က အဒေါ်ဆုံးကတည်းက ပြန်မလာတော့ဘဲ တရုတ်မှာအခြေချပြီးအလုပ်လုပ်ကာ နေနေခဲ့တယ်။

အခုလည်း မောင်ဖြစ်သူကို မပြောဘဲလက်ထပ်လိုက်ခြင်းကြောင့် ရစ်စိန်လေးက စိတ်ကောက်ပြီး ရစ်နေလေတော့သည်။

"ငါ့ဆီ တစ်ခါလောက်အလည်လာပါလား ....."

အမက အလည်လာရန်ခေါ်လိုက်တော့

"ကျွန်တော် ဒီမှာအလုပ်လုပ်နေတယ်ဆိုတော့ပိတ်ရက်လောက်ဘဲ အားတာ ..... ခွင့်ရက်ရှည်ယူလို့ရရင်လာခဲ့မယ် "

"အင်းပါ ဟုတ်ပါပြီ ...."

___________________________________________

အခန်း 201/3C က လူနာသည် ဒိုင်ယာရီ စာအုပ်လေးထဲမှာ စာတွေရေးကာ တနေကုန် ဟိုငေးသည်ငိုင်ဖြင့် နောက်ဆုံးရက်ကို စောင့်နေ တော့သည်။

"P'Off ခဏလောက်လှဲလိုက်ပါလား ....."

နှလုံးအထူးကုဆရာ၀န်မ တစ်ယောက်ဖြစ်တဲ့ May က Off အား အနားယူရန် ပြေနေပေမယ့် လူနာကတော့ ဦး‌တည်ချက် မဲ့လျက် တနေရာရာအားငေးမောလျက်။

Fall In Love With You ( U+Z )Where stories live. Discover now