Chapter 4

1.7K 164 4
                                    

"ရေစက်"

မမြင်နိုင်တဲ့ စိတ္တဇနာမ်လေးတစ်ခု။

တစ်ခါ ဆုံရင်တိုက်ဆိုင်မှု
နှစ်ခါဆုံရင်ရေစက်
သုံးခါဆုံရင်ဖူးစာတဲ့။

ရေစက် ကနေ
အချစ်ခြင်းများပေါက်ဖွားလာဖို့အတွက်
မေတ္တာတရားသည်ပေါင်းကူးတံတားတစ်ခု။
______________________________________

Gun 🖤

အမေရာထူးတိုးပြီး ကျောင်းပြောင်းသွားတော့
Gun လည်းအတူကျောင်းပြောင်းလိုက်ရသည်။

ကျောင်းသားသစ်လေး Gun အတွက်
အခက်အခဲတွေအများကြီးရှိရင် Pineare ကဘဲ
အစစအရာရာကူညီပေးခဲ့တယ်။

အလယ်တန်းကနေအထက်တန်းအထိ
Pineare က Gun ရဲ့အချစ်ဆုံးသူငယ်ချင်း။

အခုလည်း တက္ကသိုလ်ရောက်တော့
မေဂျာလည်းတူနေပြန်တော့
နှစ်ယောက်သား က တစ်ပူးပူး တတွဲတွဲ။

တက္ကသိုလ်တက်တာ တစ်ပတ်ပြည့်ခဲ့ပေမယ့်
Gun ကတော့ အမြဲတမ်း ကြောင်တောင်တောင်အေးစက်စက်မျက်လုံးများနဲ့ပေါ့။

တစ်ခုခုဆို ဘာစကားမှမပြောဘဲ မျက်လုံးအဝိုင်း‌သားဖြင့် စိုက်ကြည့်နေတတ်သည်မှာ ဒီကောင်လေးရဲ့ ပင်ကိုယ်စရိုက်တစ်မျိုး။

မိုးရေထိရင်ဖျားတတ်တဲ့ Gun လေး က
လွယ်အိတ်ထဲ မိုးကားတစ်ထည်နဲ့
လက်ထဲမှာ  ပန်းရောင်ထီးလေးကို
အမြဲတမ်းဆောင်ထားတတ်သူ။

ဒုတိယပတ် တက္ကသိုလ် တက်သည့်ရက်
လောလောလောလော နဲ့ ထီး ကိုကိုင်ကာ
ပြေးလာခဲ့သည်။

မိုးရွာလည်းထီးဆောင်း နေပူ‌လည်းထီးဆောင်း။

_______________________________________

Mew 🖤

ကုမ္ပဏီမသွားခင် ‌
ညီမလေးအားအရင်ကျောင်းပို့ရသည်။

အသက် ၂၈ ကျော်နေပြီဖြစ်ပေမယ့်
တက္ကသိုလ်ကျောင်းသားတစ်ယောက်လို
နုပျိုနေဆဲ။

အလုပ်ကိစ္စ အခက်အခဲရှိပေမယ့်
အမြဲတမ်းတက်ကြွလန်းဆန်းလျက်။

"ကဲရောက်ပြီ"

ကားပေါ်မှညီမဖြစ်သူ Pineare ဖက်သို့
မျက်နှာမူလိုက်ပြီး အပြုံးနဲ့နှုတ်ဆက်လိုက်သည်။

Fall In Love With You ( U+Z )Where stories live. Discover now