Chapter 37

1.3K 131 1
                                    

ဒီနေ့ည Gulf ကို လချုပ်စားရင်းတွေရှင်းခိုင်းမလို့အိမ်ခေါ်ထားမိတော့စားရင်းစာအုပ်တွေနဲ့ lap top ကိုစားပွဲပေါ်တင်ကာ ဟိုကြည့်ဒီကြည့်ကြည့်နေမိသည်။

Gulf တွေ့လိုက်ရင်တစ်ခုခုကိုပြောပြချင်သလိုမျိုးဖြစ်ပြီးရင်ဖတ်ထဲမှာလည်းဟာတာတာနဲ့။သူ‌ပြုံးနေတာလေးမြင်လိုက်ရင်ပီတိဖြစ်နေသလိုမျိုး။

ကျွန်တော်အိပ်ရာပေါ်တွင်လှဲကာ ဒီကောင်လေးအကြောင်းစဉ်းစားနေမိသည်။

"ဟူး ဘာတွေတွေးနေတာလဲ"

ခေါင်းကကိုက်လာပြန်တော့အတွေးများအားခဏတဖြုတ်ရန့်တန့်ရပြန်သည်။အိမ်ရှေ့မှ bell တီးသံကြောင့်ကျွန်တော်လည်းအိမ်အောက်ထပ်သို့ပြေးဆင်းလာလိုက်မိသည်။

သေချာတယ်အဲတာ Gulf ဘဲဖြစ်မှာပါ။ကျွန်တော်တံခါးအားဖွင့်လိုက်တော့တစ်ကိုယ်လုံးမိုးရေတွေရွဲနေတဲ့ Gulf ။ချမ်းလွန်းလို့ထင်ပါရဲ့လက်ကိုပိုက်ကာနှုတ်ခမ်းတို့ကတုန်ရီနေသည့်အပြင်တစ်ကိုယ်လုံးလည်းတုန်ရီနေလို့ပေါ့။

"ကျွန်တော် အိမ်ထဲ၀င်လိုဖြစ်ပါ့မလား။
တစ်ကိုယ်လုံးလည်းရွဲနေပြီဆိုတော့
အိမ်ပြန်လိုက်ပါမယ် မနက်ဖြန်မှစောစောစီစီး....."

သူ့စကားမဆုံးခင်မှာဘဲ သူ့လက်ကလေးကိုဆွဲယူကာအိမ်ထဲခေါ်သွင်းလိုက်ပြီး တံခါးကိုပြန်ပိတ်ထားလိုက်သည်။ကျွန်တော်‌ဆွဲသလိုအလိုက်သင့်ကလေးပါလာတဲ့Gulf က မျက်လုံးအဝိုင်းသားဖြင့်ကျွန်တော့်အားကြည့်လျက်။

"လာ ငါ့အင်္ကျီယူ၀တ်"

သူ့လက်ကိုဆွဲကာအပေါ်ထပ်ကိုခေါ်ဆောင်လာပြီးကျွန်တော့်အခန်းထဲ၀င်လိုက်သည်။အခန်းထဲရှိရေချိုးခန်းထဲသူ့ကိုပို့လိုက်ပြီး

"ခဏနော် အ၀တ်တွေယူပေးမယ်"

ပြောလိုက်တော့ ခေါင်းလေးငုံ့ကာ

"အင်း" ဟု ဖြေရှာသည်။

ကျွန်တော်အင်္ကျီလက်ရှည်နဲ့ည၀တ်ဘောင်းဘီအရှည်ပွပွလေးကိုသူ့ကိုသွားပေးတော့

"ဖုန်းလေးယူပေးထားပါနော်"

လက်ထဲမှရေစိုနေတဲ့ဖုန်းအားလှမ်းပေးလေသည်။

Fall In Love With You ( U+Z )Where stories live. Discover now