(Part - 28)Ending

7.4K 219 8
                                    

(U&Z)

ပန်းနုနဲ့​သွေးသစ်​တို့​စေ့စပ်​ပွဲအတွက်​ချစ်​ခြင်းပါမြန်​မာနိုင်​ငံကို လိုက်​လာသည်​ဟု သိလိုက်​ရ​တော့ ရင့်​ပျော်​သွားမိတာ​တော့အမှန်​ပင်​။
သူ သူမကို အရမ်းလွမ်း​နေပါသည်​။​တွေ့လဲ​တွေ့ချင်​နေမိ၏။

ရန်​ကုန်​က ရင့်​ရဲ့ဟိုတယ်​မှာ​ဒီ​နေ့ပဲ​ရောက်​လာပြီး တည်း​နေသည်​ဟု ပန်းနုဖုန်းလှမ်းဆက်​တာမို့ သူသိသိချင်း ဟိုတယ်​ကိုလိုက်​လာခဲ့​လေသည်​။
သူ​ရောက်​လာ​တော့ ချစ်​ခြင်းတို့က ဟိုတယ်​ကသူတို့တည်းသည့်​အခန်းထဲမှာဖြစ်​၏။
အခန်းထဲကို သူဝင်​လာ​တော့ လူ​တွေကစုံ​နေပါသည်​။​သွေးသစ်​ပန်းနု​မေနန်း ပြီး​တော့ချစ်​ခြင်း​နောက်​ပြီးနှနှစ်​သုံးနှစ်အရွယ်​ယောကျာင်္း​လေးတစ်​ယောက်​ကိုလဲ​သူတွေ့ရ၏။

လူ​တွေအများကြီး သူမြင်​ပေမယ့်​သူဂရုတစိုက် အ​လေးထားပြီး​ကြည့်​မိသူက ချစ်​ခြင်းတစ်​ယောက်​ပါပဲ။
သူမ ပိုလှလာပါသည်​။ မ​တွေ့တာကြာလို့ အရမ်းသတိရ​နေလို့ သူဒီလိုမြင်​နေတာလား​တော့ မ​ပြောတတ်​ပေ။

"ရင့်​... နင်​ရောက်​လာပြီလား ... လာ​လေ ...
အဲ့ဒီ့မှာ ဘာရပ်​လုပ်​နေတာလဲ ..... "

ပန်းနုက အခန်းဝမှာရပ်​ပြီး ချစ်​ခြင်းကိုသာ စိုက်​ကြည့်​နေသည့်​ရင့်​ကို လှမ်း​ခေါ်လိုက်​လေသည်​။

"မ​တွေ့တာ ကြာပြီ​နော်​ကိုအလင်းရင့်​ရောင်​..... "

​မေနန်းက သူ့ကိုနှုတ်​ဆက်​ပါသည်​။
ထို့အတူ​သွေးသစ်​ကလဲ မကြာခင်ေ​တ်ာရ​တော့မည့်​ယောက်​ဖ​လောင်း​မို့ ရင့်​ကိုနှုတ်​ဆက်​ပါ၏။

"မ​တွေ့တာကြာပြီ​နော်​.... "

ရင့်​လဲ​မေနန်းနဲ့​သွေးသစ်​ကို​ခေါင်းညိတ်​ပြုံးပြုပြီးပြန်​နှုတ်​ဆက်​လိုက်​ပြီး ချစ်​ခြင်းအနားမှာသွားထိုင်​လိုက်​၏။

"ချစ်​ခြင်း​နေ​ကောင်းလား ..... "
ရင့်​က သူမကိုငဲ့ကြည့်​ပြီး ခပ်​တိုးတိုး​မေးလိုက်​သည်​။

"​နေ​ကောင်းလို့ ဒီကိုလိုက်​လာတာ​ပေါ့ .... "
ချစ်​ခြင်းကလဲ ဘုဆတ်​ဆတ်​ပြန်​ဖြေ​လေသည်​။

ငါ မုန်းပါရစေ (Normal)Where stories live. Discover now