(Part - 23)

1.8K 127 2
                                    

(U&Z)


ချစ်ခြင်းတစ်ေ​ယာက်​သွေးသစ်​မေနန်းတို့နဲ့ စကား​တွေထိုင်​ပြော​နေကြစဉ်​.....
ပန်းနုတို့ဦး​လေး ဦး​အောင်​သန့်​နဲ့သူ့ဇနီးက ချစ်ခြင်း​ကို သူတို့နဲ့ခဏလာ​တွေ့ဖို့ လူလွှတ်​၍​ပြောခိုင်းလိုက်​၍ သူတို့နဲ့​တွေ့ဖို့ချစ်​ခြင်း ထွက်​လာခဲ့​လေ၏။
သွေးသစ်​မေနန်းတို့က သူတို့ပါလိုက်​မည်​ဟု​ပြော​သော်​လည်း သူမလက်​မခံ​ပေ။
ဤလူ​တွေသည်​ကိုယ့်​ကိုမ​ကောင်းတာ​တွေပဲ​ပြောမယ်​လို့ သိသိရဲ့နဲ့ သူမ​တွေ့ဖြစ်​အောင်​လာ​တွေ့ခဲ့သည်​။
ရင့်​အနားမှာသူမရှိ​နေမိတဲ့အတွက်​အ​ပြောအဆိုခံရခြင်းသည်​တစ်​ခါနှစ်​ခါမဟုတ်​တော့၍ ရှိပါ​စေ​တော့ဟုသာ။

သူတို့တည်း​နေသည့်​ဟိုတယ်​ကဘန်ဂလိုအခန်းမှာ ချစ်​ခြင်းက သူတို့ကိုလာ​တွေ့ရတာဖြစ်​သည်​။ သူမ​ရောက်​တော့​ဦး​အောင်​သန့်​တို့ဇနီး​မောင်​နှံနဲ့ စံမဒီတို့ရှိ​နေကြ၏။
သူတို့က အခန်းထဲမှာ မဟုတ်​ပဲအခန်း​ရှေ့က လသာ​ဆောင်​မှာ သူမကို ထိုင်​စောင့်​နေကြတာ​ဖြစ်​သည်​။

ချစ်​ခြင်း ဦး​အောင်​သန့်​ကို မြင်​တာနဲ့တန်းပြီးမမှတ်​မိ​ပေမယ့်​သူမကို​ခေါ်လိုက်​သူသည်​ဒီအခန်းထဲကပဲမို့ ဦး​အောင်​သန့်​ပဲဟု ခန့်​မှန်းလိုက်​မိတာဖြစ်​သည်​။
ဟိုးအရင်​ကလဲ ပန်းနုတို့ဦး​လေးကို သူမမြင်​ဖူးသည့်​အကြိမ်​ရေသည်​သိပ်​မှမရှိခဲ့တာပဲ​လေ မမှတ်​မိတာအဆန်း​တော့မဟုတ်​ပါ။

"မင်းက ချစ်​ခြင်း​ဝေ​ဝေ ဆိုတာလား .... "

ဦး​အောင်​သန့်​၏ ဇနီးကသူမကို​ခြေဆုံး​ခေါင်းဆုံးကြည့်​၍​မေးလိုက်​၏။ ထိုအမျိုးသမီးသည်​စံမဒီရဲ့အ​ဒေါ်ဟု သူမသိထားပါသည်​။
ထိုအမျိုးသမီး​ဘေးတွင်​စံမဒီလဲရှိ​နေခဲ့ကာ တူဝရီးနှစ်​ယောက်​သူမကိုကြည့်​နေကြပုံက အထက်​စီးဆန်​စွာနှင့်​...။

"ဟုတ်​ပါတယ်​.... "

​ဖြေပုံက ယုံကြည့်​ချက်​တွေနဲ့ပါ။ ဒီကိုတစ်​ယောက်​ထဲ​ရောက်​လာခဲ့တဲ့ ချစ်​ခြင်း​ဝေ​ဝေဆိုတဲ့မိန်းခ​လေးရဲ့ သတ္တိက​တော့မ​ခေနိုင်​ပါ။ ဘာအတွက်​ခေါ်​တွေ့သလဲဆိုတာ သိ​နေမှာ​ပေမယ့်​သူမကြည့်​ရတာ​တော့ ဘာစိတ်​ဖိစီးပုံမှမရှိတဲ့ ပုံစံပါပဲ။
ချစ်​ခြင်း​ဝေ​ဝေကိုကြည့်​၍ ဦး​အောင်​သန့်​နဲ့သူ့ဇနီးရယ်​စံမဒီရယ်​က သုံး​ယောက်သား စိတ်ထဲကေ​န ခန့်​မှန်း​နေကြ​လေ၏။

ငါ မုန်းပါရစေ (Normal)Where stories live. Discover now